
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၀င်ရောက်ခဲ့သည့် ယနေ့ ၁၂ ရက်မြောက်နေ့တွင် ကောလင်းမြို့ပေါ်ကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်လိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက ခေတ္တဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ကောလင်း မြို့အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက် ၈ ခုလုံးကို ထိန်းချုပ်လိုက်နိုင်ကြောင်း ဒေသခံတော် လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကခေတ္တဆုတ်ခွာခဲ့တာ မှန်ပါတယ်။ စစ်ကောင်စီဘက်က မြို့ပေါ် ၈ ရပ်ကွက် လုံးကို စစ်ကြောင်းထိုး၀င်လာပြီး အခုလတ်တလော တော့ ထိန်းချုပ်ထားပါတယ်”ဟု Kawlin Revolution က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၇ နာရီ ကျော်တွင် ကောလင်းမြို့ပေါ်သို့ အင်အား ၁၀၀၀ နီးပါးဖြင့် စစ်ကြောင်း ခြောက်ကြောင်းခွဲကာ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
ကောလင်းမြို့ပေါ်သို့ စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် ဟောင်၀စ်ဇာလက်နက်ကြီးတပ်ဆင်ထားသည့် ကားများဖြင့်ပါ ပစ်ခတ်၀င်ရောက်လာခြင်းဖြစ်ပြီး လေယာဉ်ပစ်ကူနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ကောလင်းမြို့ကို တိုက်ခိုက်ရာတွင် စစ်ကြောင်း ခြောက်ကြောင်းအပြင် ၀န်းသို ခမရ ၁၂၀၊ ခမရ ၁၁၁၊ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းနှင့် ကြံစိုက်ပျိုးရေးတပ်များတွင် စစ်ကောင်စီတပ်ဖွဲ့၀င် များနှင့် ပျူစောထီးအဖွဲ့၀င်များကို MI 35၊ MI 17၊ Y 12 လေယာဉ်များဖြင့် တင်ဆောင်ကာ ကောလင်းမြို့ ပေါ်သို့ အဆက်မပြတ် စစ်ကူပေးပို့ခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးရာတွင်လည်း စစ်ကောင်စီက အင်အားလျော့နည်းလာပါက တပ်ပြန်ဆုတ်ပြီး အင်အား ဖြည့်တင်းကာ မြို့သို့၀င်တိုက်လိုက်၊ လေကြောင်းပစ်ကူပေးလိုက်နှင့် စစ်ရေးဖော်ဆောင်ခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့များ အင်အားနည်းပြီး လက်နက်ခဲယမ်း လျော့နည်းလာအောင် ရိက္ခာပြတ်လပ်အောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေက သုံးနှစ်လုံးလုံး ထိုးစစ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ။ ခုခံစစ်အတွက်နည်းဗျူ ဟာရော၊ စုဖွဲ့မှုအင်အားရော လိုသွားခဲ့တယ်။ အရေး ကြီးဆုံးကတော့ ကောလင်းမြို့ပေါ်က ပြည်သူတွေရဲ့ အသက်နဲ့ ရဲဘော်တွေရဲ့အသက်ပဲ ဖြစ်ပါတယ်။ အခု ဟာကလည်း ခေတ္တဆုတ်ခွာခဲ့တာပါ။ ကျွန်တော်တို့ အညံ့မခံမချင်း အချိန်မရွေး စစ်ကောင်စီကိုပြန်တိုက် ခိုက်သွားမှာပါ”ဟု ကောလင်းထောက်ပို့တပ်သားတစ် ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကောလင်းတိုက်ပွဲနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဂွမ်မော်ကလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရဲဘော်တွေရဲ့အသက်က အရေးကြီးဆုံးပါနှင့် အလေးပြုပါကြောင်းကို ရေးသားဖော်ပြထားသည်။
လက်ရှိတွင် ကောလင်းမြို့ပေါ်တွင် စစ်ကောင်စီမှ ပစ်ခိုက်တိုက်ခိုက်ထားသည့် ဟောင်၀စ်ဇာလက်နက်ကြီး ထိထားသည့်နေအိမ်နှင့် လေကြောင်းမှပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးမီးလောင်လျက်ရှိကြောင်း သိရသည်။
#ကောလင်း #စစ်ကောင်စီထိန်းချုပ် #တော်လှန်ရေးတပ်များ #Ayeyarwaddy_Times