ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ရက္ခိုင့်တပ်တော် AA က ယခုရက်ပိုင်းအတွင်း စစ်သင်္ဘော ငါးစီးနစ်မြှုပ်ပြီး လေး စီးကို ရေချ၍ပင်မရ တော့အောင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်ရှိ အကြီးဆုံးရေတပ်စခန်းမှ အကြီးစား စစ်သင်္ဘောများကို စစ်ကောင်စီက ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

AA က ရေတပ်ဖွဲ့စည်းထားသည်ဆိုသည့်သတင်းနှင့်‌ ရေကြောင်းတိုက်ခိုက်သည့် လက်နက်ကြီးများရှိထား သည်ဆိုသည့် သတင်းများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစ၍ ကျောက်ဖြူ မြို့နယ်အခြေ စိုက် သစ်ပုတ်တောင်ရှိ ဓည၀တီရေ တပ်စခန်းမှ အကြီးစားစစ်ရေယာဉ်များကို စစ်ကောင်စီက အရေးပေါ် ပြောင်းရွှေ့လျက်ရှိကြောင်း စစ်ရေးသတင်း ရင်းမြစ်ထံမှ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျောက်ဖြူမြို့နယ်အ‌တွင်းရှိ ငှက်ပျောချောင်းရွာအနီး စစ်ကောင်စီ၏ ရဲတပ်ရင်း ၃၂ ၀င်ရောက်တိုက် ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွားကာ ယမန်နေ့ ဖေဖော် ဝါရီ ၁၃ ရက်နေ့တွင် ဓည၀တီရေတပ်စခန်းကို ရေကြောင်းမှ လာရောက်တိုက်ခိုက်တော့မည်‌ဆိုသည့် သတင်းများကြောင့်လည်း တိုက်ရေယာဉ်အသေးစားများမှ လွဲပြီး ကျန်သည့်စစ်ရေယာဉ်အကြီးစားများကို သံတွဲ၊ စစ်တွေနှင့်ရန်ကုန် ရေတပ်စခန်းများထံသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်ဖြူတိုက်ပွဲမဖြစ်ခင် ဖေဖော်ဝါရီ ၅ ရက်ကတည်းက ရေတပ်စခန်းထဲမှာရှိတဲ့ တပ်အရာရှိ မိသား စု၀င်တွေ သံတွဲဘက်ကို ပြောင်းသွားကြတာ။ ၁၁ ရက် နေ့ကတော့ သင်္ဘောအကြီးစားတွေကို ရွှေ့နေတာ တွေ့ တယ်။ ကျောက်ဖြူမှာ တိုက်ပွဲဖြစ်နေတာလည်း ၄ ရက်ရှိသွားပြီ။ သင်္ဘောတွေလည်း အနှစ်ခံထားရတော့ ရေတပ်ကကြိုတင်ပြေးထားပုံရတယ်”ဟု AA စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီ၏ Y 12 ထောက်ပို့လေယာဉ်တစ်စီး သည် ဂုန်းချွိန်တိုက်နယ် ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်၀န်းကျင်ရွာများသို့ လေကြောင်းမှ ဗုံးအလုံး ၃၀ ထက်မနည်း လာရောက်လာပစ်ချတိုက်ခိုက်ခဲ့ သည့်အတွက် ကုလာဘာကျေးရွာ အူချေထောင့်မှ ‌နေအိမ် လေးလုံးထိမှန်ပျက်စီးခဲ့ကြောင်း AA ကထုတ်ပြန် ထားသည်။

ထို့အပြင် ‌ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ခမရ ၅၄၂ တပ်ရင်း ဗျူဟာကုန်း နှင့် ညောင်စိန်ကျေးရွာအနီးမှလည်း လက်နက်ကြီးများဖြင့် ငှက်ပျောချောင်းကျေးရွာ အနီးတဝိုက်သို့ အကြိမ် ၇၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ပုံစာ-ရခိုင်ပြည်နယ်ကမ်းလွန်ပင်လယ်ပြင်၌ ကင်းလှည့်နေသည့် စစ်သင်္ဘောများ

#ကျောက်ဖြူမြို့ #ဓညဝတီရေတပ်စခန်း #ပြောင်းရွှေ့ #စစ်ကောင်စီ #စစ်သင်္ဘော၉စီးဖျက်ဆီးခံရ #Ayeyarwaddy_Times