
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ရခိုင်ပြည်နယ်၊ မင်းပြားတွင် ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးကို ယမန်နေ့က ထပ်မံတိုက်ခိုက်လိုက်နိုင်ကြောင်း ထုတ်ပြန်ထား သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က AA နှင့် စစ်ကောင်စီတို့ မင်းပြားမြို့နယ် သက်ပုန်းရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း မင်းပြား မြို့နယ်၊ ပုလဲပေါက်ကျေးရွာအနီး ရေကြောင်းတိုက်ပွဲ ၌ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက် နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်တိုက်ခိုက် ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး ကို AA က တိုကိခိုက်နှစ်မြှုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင်လည်း ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များက ဖြစ်ပွားခဲ့သည့် ရေကြောင်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်သင်္ဘောနှစ်စီးနှင့် ဇက်ရေယာဉ်တစ်စီး တို့ကို AA က လိုက်လံတိုက်ခိုက်ခဲ့ရာ သင်္ဘောသုံး စီးလုံး စလုံး မီးလောင်ပျက်စီး၍ ရေထဲနစ်မြုပ်သွားကြောင်း သိရသည်။
စစ်ကောင်စီနှင့် ၇ ရက်တာဖြစ်ပွားခဲ့သည့် ရေကြောင်းတိုက်ပွဲများ အတွင်း AA က စစ်ကောင်စီ၏ စစ်သင်္ဘော သုံး စီးနှင့် ဇက်သင်္ဘော နှစ် စီး စုစုပေါင်း ငါး စီးကို ချေမှုန်းတိုက် ခိုက်နိုင်ခဲ့ပြီး အခြားသော စစ်သင်္ဘော လေး စီးကိုလည်း ရေချ၍မရနိုင်သည်အထိ ပျက်စီးသွားအောင်တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ- မင်းပြားသက်ပုန်းရွာအနီးတွင် စစ်ကောင်စီ၏ စစ်သင်္ဘောကို AAသိမ်းပိုက်ရရှိထားစဥ်
#ရခိုင် #မင်းပြား #စစ်ကာင်စီ #စစ်သင်္ဘော၅စီး #AAတိုက်ခိုက် #Ayeyarwaddy_Times