ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ပြင်းထန်မှုကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တော်ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေကို ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။

“ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေကို ရွှေ့ပြောင်းတဲ့လုပ်ငန်းစဉ် လုပ်ဆောင်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်က ဒါကာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်ဂိတ်ကို ပိတ်ပစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေစဉ် လုံခြုံရေးအခြေအနေကြောင့် သံတမန်ဝန်ထမ်းတွေကို ရွှေ့ ပြောင်းနေတာလို့ ဟတ်ဆန်မာမွတ်က ပြောပါတယ်။

ရာပေါင်းများစွာသော ရိုဟင်ဂျာတွေဟာ ကော့ဘဇားခရိုင်မှာ ခိုလှုံခွင့်ရဖို့ နယ်စပ်တစ်လျှောက် စုဝေးနေ ကြစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာတစ်သန်းကျော် ခိုလှုံနေတာကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပြေးဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်ဝင်ရောက်လာမှုကို ဟန့်တားဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ “သူတို့ကိုပြန်ခေါ်ဖို့ မြန်မာနိုင်ငံမှ သင်္ဘောတစ်စင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာမယ်” လို့ ဟတ်ဆန်မာမွတ်က ပြောပါတယ်။

ကိုးကား – Anadolu
Ref; Bangladesh evacuating diplomats from Myanmar’s conflict-hit Rakhine State

#Ayeyarwaddy_Times