
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု ၊သက္ကယ်ပြင်(သံ)ကျေးရွာတွင်ဖေဖော်ဝါရီလ၁၃ရက်နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်၁၄လုံးဆုံးရူံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါကျေးရွာရှိ လူနေအိမ်တစ်လုံးတွင် မီးဖို ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီသတ်နှင့်ကျေးရွာလူထုများ တစ်နာရီကြာအောင် ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။
” ထမင်းဟင်းချက်ပြီး မီးမသတ်ခဲ့တော့ ဝါးထရံကတစ်ဆင့် မီးစွဲလောင်တာရွာသုံးပုံတစ်ပုံလောက် မီးထဲပါသွားတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် ကျေးရွာအတွင်းမှနေအိမ်၁၄လုံး နှင့် အိမ်ထောင်ပရိဘောဂ၊ အ၀တ်အထည်များဆုံးရူံးခဲပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိ ပဲ မီးလောင်ရခြင်းအကြောင်းရင်းကိုစုံစမ်းနေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။
#အင်္ဂပူမြို့နယ် #သက္ကယ်ပြင် #မီးလောင် #နေအိမ်၁၄လုံးဆုံးရူံး #Ayeyarwaddy_Times