ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ယူကရိန်းနိုင်ငံဟာ ဒီနှစ်အတွင်း ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ထောင်နဲ့ချီတဲ့ တာ ဝေးသွားဒရုန်းတွေ ထုတ်လုပ်မှာဖြစ်ပြီး ကုမ္ပဏီ ၁၀ ခုက မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့အထိ ရောက်ရှိနိုင်တဲ့ဒ ရုန်းတွေ ထုတ်လုပ်နေတဲ့ ယူကရိန်း ဒစ်ဂျစ်တယ်ဝန်ကြီး မိုင်ခေးလိုဖီဒိုရော့ဗ်က ပြောပါတယ်။

“ကီလိုမီတာ ၃၀၀ ကနေ ၁၀၀၀ အထိ ရောက်ရှိနိုင်တဲ့ တာဝေးသွား အသေခံဒရုန်းတွေ ထုတ်လုပ်မှု တိုး တက်လာပါတယ်” လို့ သူက ပြောပါတယ်။

ယူကရိန်းစစ်ပွဲ တတိယနှစ်အတွင်း ဝင်ရောက်လာပြီး ယူကရိန်းက ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ နည်း လမ်းသစ်တွေ ရှာဖွေလျက်ရှိရာ အသက် ၃၃ နှစ်အရွယ် ဖီဒိုရော့ဗ်ဟာ ယူကရိန်းစစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ အင်အား တောင့်တင်းအောင် တည်ဆောက်မှုမှာ အခရာဖြစ်လာပါတယ်။

မကြာသေးမီက ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံတွေအပေါ် ဆက်တိုက် တိုက်ခိုက်မှုတွေက ယူကရိန်းစစ် တပ်ရဲ့ ဒရုန်းနည်းပညာ မြန်ဆန်စွာ တိုးတက်လာမှုကို ထင်ဟပ်စေခဲ့တယ်လို့ သူက ပြောပါတယ်။

ရုရှားနိုင်ငံနဲ့ယှဉ်ရင် ယူကရိန်းနိုင်ငံရှိ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီအများစုက ပုဂ္ဂလိကပိုင်ဖြစ်ပါတယ်။ မော်စကို သို့မဟုတ် စိန့်ပီတာစဘတ်မြို့တော်ဝန်းကျင်အထိ ရောက်ရှိနိုင်သော ဒရုန်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေအနက် တစ်ခုက နိုင်ငံပိုင်ကုမ္ပဏီလို့ သူက ဆိုပါတယ်။

ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း ရုရှားတပ်ဖွဲ့တွေဟာ အီရန်နိုင်ငံထုတ် ထောင်နဲ့ချီတဲ့ ရှာဟတ်ဒရုန်း တွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဒရုန်းထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုက ၂၀၂၃ ခုနှစ်အတွင်း အဆ ၁၂၀ ကျော် မြင့်တက်ခဲ့ပြီး ရုရှားနဲ့ တိုက်ခိုက်ရေးစွမ်းပကားတွေနဲ့ ကွာဟချက် ကျဉ်းမြောင်းစေခဲ့တယ်လို့ ဖီဒိုရော့ဗ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ဒရုန်းအမျိုးမျိုး ၃၀၀၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး ၁၀၀၀၀၀ ကျော်ကို ရှေ့တန်းစစ် မျက်နှာပြင်သို့ ပို့ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ဒီနှစ်အတွင်း ဒရုန်းအစင်းရေ တစ်သန်းထုတ်လုပ်ဖို့ ရည်မှန်းထားတယ် လို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဒရုန်းလုပ်ငန်းက ရုရှားရဲ့မဟာမိတ် တရုတ်အပါအဝင် ပြည်ပနိုင်ငံတွေထံကနေ အပို ပစ္စည်းတင်သွင်းမှုအပေါ် ကြီးမားစွာ မှီခိုနေရပါတယ်။

ကိုးကား – The Independent
Ref; Ukraine aims to build an army of one million drones as Moscow becomes the target

#Ayeyarwaddy_Times