
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဖေဖော်ဝါရီလ ၁၂ ရက်က ဝါရှင်တန်မြို့တော် မှာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာနဲ့ တွေ့ဆုံကာ မြန်မာ့အရေး အပါအဝင် နှစ်နိုင်ငံမဟာမိတ်ပြုမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မယ့် အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
ဘလင်ကန်နဲ့ပန်ပရီးတို့ဟာ ဒီမိုကရေစီရဲ့အရေးပါမှု၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနဲ့ နိုင်ငံ သားအားလုံး နိုင်ငံရေးလုပ်ငန်းစဉ်မှာ လွတ်လပ်စွာ ပါဝင်ခွင့်ရှိရေး လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အ မေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အခြေအနေဆိုးရွားလာတဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ထိုင်းနိုင်ငံနဲ့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေ အပါအ ဝင် ဒေသတွင်းနဲ့ ကမ္ဘာ့ရေးရာကိစ္စရပ်တွေကိုလည်း ဘလင်ကန်က ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ဒေသတွင်းရှိ စစ်ရှောင်ပြည်သူတွေထံ လူသားချင်းစာနာမှုအကူအညီ ပေးအပ်မှုတိုးချဲ့ရေး အရေးတကြီး လိုအပ်မှုကိုလည်း ဘလင်ကန်နဲ့ ပန်ပရီးတို့က ဆွေးနွေးခဲ့ပါတယ်။
သက်ဆိုင်သူအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့၊ မတရားဖမ်းဆီးထားသူတွေ ကို လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖိုနဲ့ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးစနစ်ဆီပြန်သွားဖို့ ဘလင်ကန်နဲ့ ပန်ပရီးတို့ က အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
ဟားမာစ်အဖွဲ့က ထိန်းသိမ်းထားတဲ့ ဓားစာခံအားလုံး လွတ်မြောက်ရေး အမေရိကန်နိုင်ငံရဲ့ ကတိကဝတ် ကိုလည်း ဘလင်ကန်က အလေးထားပြောခဲ့ပါတယ်။
ကိုးကား – https://www.state.gov
Ref; Secretary Blinken’s Meeting with Thai Deputy Prime Minister and Foreign Minister Parnpree