ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့တဲ့ မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သား တွေကို မကြာမီ မြန်မာနိုင်ငံသို့ ပြန်ပို့မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်ဆန်မာမွတ်က ပြောပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေရပ်ပြန်ပို့ဖို့က ကျွန်တော်တို့ရဲ့ ဉီးစားပေးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ဖို့ သဘောတူခဲ့ပါတယ်” လို့ သူက နိုင်ငံခြားရေးဝန်ကြီးဌာန မှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်လိုတယ်လို့ သူက ဆိုပါတယ်။ “စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ပြန်ခေါ်မယ့်ရက် ကျွန်တော် မပြောချင်ပါဘူး။ လုံခြုံရေးကိစ္စရပ်တွေက လျှို့ဝှက်ချက်တွေဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာ့ပြည်တွင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုံခြုံရေးအတွက် အပေးအယူလုပ်တာကို ဘယ်တော့ မှ မမြင်တွေ့လိုဘူးလို့ ဟတ်ဆန်မာမွတ်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်တာနဲ့ပတ်သက်လို့ ဒါကာမြို့တော်ရှိ မြန်မာ သံအမတ်ကို ဆင့်ခေါ်ပြီး အပြင်းအထန် ကန့်ကွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားရတဲ့အပြင် လုံခြုံရေး၊ ရာသီဉတုနဲ့ တရားမဝင် မူးယစ်ဆေးဝါး စတဲ့မျက်နှာစာတွေမှာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။

လက်ရှိ လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

ကိုးကား – BSS News
Ref; Myanmar’s security personnel will be sent back soon: Hasan

#Ayeyarwaddy_Times