ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကန်နဲ့ မြန်မာ့အရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသဆိုင်ရာချိတ်ဆက်မှု ကိစ္စရပ်တွေ ဆွေးနွေးမယ် လို့ သိရပါတယ်။

ပန်ပရီးဟာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို့ တရား ဝင် ခရီးစဉ်တစ်ခုအတွက် စနေနေ့က ထွက်ခွာသွားခဲ့တယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ်က ပြော ပါတယ်။

ပန်ပရီးဟာ အမေရိကန်ခရီးစဉ်အတွင်းအထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ ခရစ်ဗန်ဟိုလန်နဲ့ တမ်မီ ဒတ်ဝပ်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒို၊ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးတန်းအကြံပေး အေမို့စ်ဟော့စတိန်းတို့ အပါအဝင် အရေးပါတဲ့ အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ သူက ဆိုပါတယ်။

ခရီးစဉ်ရဲ့ရည်ရွယ်ချက်က ထိုင်း-အမေရိကန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ဖြစ်ပြီး ကိစ္စရပ်များစွာကို ဆွေးနွေးမယ်လို့ သူက ဆက်ပြောပါတယ်။

ဆွေးနွေးမယ့် လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှုကိစ္စရပ်တွေထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲပြုလုပ်ခဲ့တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ယခုနှစ်ရဲ့ Cobra Gold စစ်ရေးလေ့ကျင့် မှုလည်း ပါဝင်ပါတယ်။

မြန်မာ့အရေးကိုလည်း ဆွေးနွေးမှာဖြစ်ပြီး မြန်မာ့အရေးဖြေရှင်းရာမှာ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကို အမေရိကန်နိုင်ငံက စိတ် ဝင်စားမှု ပြသခဲ့တယ်လို့ ဆီဟာဆက်ခ်က ပြောပါတယ်။

“အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေးဖြေရှင်းမှု ချည်းကပ်မှုနဲ့ ဘယ်လိုရှေ့ဆက်မယ်ဆိုတာကို စိတ်ဝင်စားနေပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; FM Parnpree set to meet Blinken Monday

#Ayeyarwaddy_Times