ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

မြောက်ကိုရီးယားက စစ်ဖြစ်လာရင် တောင်ကိုရီးယားနိုင်ငံကို သိမ်းပိုက်မယ်လို့ မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်က ပြောပြီး တပ်ဖွဲ့အင်အား အသုံးပြုဖို့ တုံ့ဆိုင်းမှာမဟုတ်ဖူးလို့ ဆိုပါတယ်။

ကင်ဂျုံအန်ဟာ သမီးဖြစ်သူနဲ့အတူ မြောက်ကိုရီးယားစစ်တပ်ထူထောင်တဲ့နေ့ဖြစ်တဲ့ ကြာသပတေးနေ့ က ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်လည်ပတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အန္တရာယ်အရှိဆုံးရန်သူနဲ့ ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းမှုထက် အခြေခံ ရန်သူဖြစ်တယ်လို့ မြောက်ကိုရီးယားက သတ်မှတ်ထားတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

မူဝါဒအပြောင်းအလဲကြောင့် တောင်ကိုရီးယားနိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက် ဖို့ ကန့်သတ်ချက်တွေ အပြောင်းအလဲဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

မူဝါဒအပြောင်းအလဲက အနာဂတ်မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အလွန်ပင် သင့်လျော်တယ်လို့ ကင်ဂျုံ အန်က ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဖွဲ့စည်းပုံအခြေခံဉပဒေမှာ တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေကို ရှင်းလင်းစွာ သတ်မှတ်ရေး ပြန်လည်ပြင်ဆင် ဖို့ သူက ပြီးခဲ့တဲ့လအတွင်း သူက ညွှန်ကြားခဲ့ပါတယ်။

ကြာသပတေးနေ့က ပြောကြားတဲ့မိန့်ခွန်းမှာ ကင်ဂျုံအန်က ကိုရီးယားနှစ်နိုင်ငံကြား နယ်နိမိတ်သတ် မှတ်ထားတဲ့ နယ်ခြားမျဉ်းကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဖေဖော်ဝါရီလအတွင်း ခရုဇ်ဒုံးကျည်ပစ်လွှတ်မှု ၄ ကြိမ်ထက်မနည်း လုပ် ဆောင်ခဲ့ပြီး စစ်တပ်ထူထောင်တဲ့နေ့မှာ ထိပ်တိုက်တွေ့ဆုံရေး ရပ်တည်ချက်ကို ထပ်လောင်းပြောခဲ့ပါတယ်။

ကိုးကား – NHK
Ref; Kim says occupying S.Korean territory in the event of war is national policy

#Ayeyarwaddy_Times