ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
အရပ်သားတွေထံ အကူအညီပေးပို့မယ့် မြန်မာနယ်စပ်အနီးမှာ လူသားချင်းစာနာမှုစင်္ကြံတစ်ခု ဖွင့်လှစ်ဖို့ ထိုင်းနိုင်ငံက စီစဉ်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ အတိုက်အခံ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ထိုင်းနိုင်ငံက အခုလိုစီစဉ်တာဖြစ်ပါတယ်။
အကူအညီပေးရေးမစ်ရှင်အတွက် အချက်အချာနေရာတစ်ခုဖြစ်လာမယ့် နယ်စပ်စစ်ဆေးရေးဂိတ်ကို စစ် ဆေးဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာဟာ ကြာသပတေးနေ့က ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့ကို သွားရောက်ခဲ့ပါတယ်။
မတ်လထက်စောပြီး ကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ ပြည်သူ ၂၀၀၀၀ ခန့်ထံ ပထမအသုတ် အစားအစာနဲ့ဆေးဝါးပစ္စည်းတွေ ပေးပို့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းအစိုးရနဲ့ မြန်မာစစ်ကောင်စီက ဒီအစီအစဉ်ကို သဘောတူညီပြီးနောက် အာဆီယံနိုင်ငံတွေက ဇန်န ဝါရီလအတွင်း ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို ထောက်ခံခဲ့ပါတယ်။
လူသားချင်းစာနာမှုပြဿနာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ပန်ပ ရီးက ပြောပါတယ်။
“ဒါဟာ နိုင်ငံရေးပြဿနာတစ်ခု မဟုတ်ပါဘူး။ အာဆီယံအဖွဲ့က တင်ပြခဲ့ပြီး ထိုင်းနိုင်ငံက ဆောင်ရွက်နေ တဲ့ အခြေခံမူကို အဖွဲ့အစည်းတိုင်းက သဘောတူသင့်ပါတယ်” လို့ သူက ဆိုပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၂ ဒသမ ၆ သန်း အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂ ခန့်မှန်းပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။
လူသားချင်းစာနာမှုစင်္ကြံတစ်ခု ထူထောင်မှုဟာ နယ်စပ်ဒေသတွေမှာ အခြေအနေတည်ငြိမ်စေဖို့ ထိုင်း
အ စိုးရရဲ့ ကြိုးပမ်းမှုတစ်ခုအဖြစ် ရှု့မြင်ထားပါတယ်။
ကိုးကား – NHK
Ref; Thailand to create humanitarian corridor for displaced Myanmar people