ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
လာအိုနိုင်ငံရဲ့ အာဆီယံဉက္ကဌဖြစ်တဲ့ အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ခန့် အပ်မှုကို ဗီယက်နမ်နိုင်ငံက ထောက်ခံတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ် ဒန်ဟွန် ဂီအန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့၊ ငြိမ်းချမ်းသော၊ တာရှည်ခံသော အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာ နာမှု အကူအညီပေးမယ့် အာဆီယံအဖွဲ့ရဲ့ကြိုးပမ်းမှုတွေ မြှင့်တင်ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးက ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ဖို့ လိုအပ်တယ်လို့ နယူးယောက်မြို့တော်ရှိ အာဆီယံမစ်ရှင်အကြီးအကဲတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီ ယံ အထူးသံတမန် အလွန်ကီယိုကစ်တီခွန်ကြား အစည်းအဝေးမှာ သူက ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ကြိုးပမ်းမှုတွေ ညှိနှိုင်းဆောင်ရွက်ရေးနဲ့ လိုအပ်သူတွေထံ အ ထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေထံ အကူအညီတွေ ရောက်ရှိရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂ အဖွဲ့အ စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အရေးပါတယ်လို့ သူက ဆက်ပြော ပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာ၊ လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေတည်တံ့မှုနဲ့ စည်းလုံးညီညွတ်မှုကို လေးစားသမှုရှိရမယ်လို့ သူက ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တွေဟာ အာဆီယံ အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံခဲ့ပြီး အာဆီယံဒေသမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို အထောက်အကူဖြစ်စေတဲ့ သတ်မှတ်တာဝန်တွေ အောင်မြင်စေရေး ဆက်လက် အကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှ ချမှတ်ခဲ့တဲ့ အာဆီယံ တူညီဆန္ဒ ၅ ရပ်အရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရာထူးကို ခန့်အပ်ခဲ့ပါတယ်။
အာဆီယံ အထူးသံတမန်ဟာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ မြန်မာနိုင်ငံမှာ တွေ့ ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် ချောမွေ့စေရေးမှာ အရေးပါသော အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်ပါတယ်။
ကိုးကား – Vietnam Plus
Ref; Vietnam pledges support for ASEAN’s efforts in Myanmar situation