ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို မိခင်တိုင်းပြည်သို့ ဘေးအန္တရာယ်ကင်းကင်း၊ မြန်မြန်ဆန်ဆန် နေ ရပ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဉီးစားပေးဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက ပြောပါတယ်။

“အခုကျွန်မတို့ရဲ့ ဉီးစားပေးလုပ်ငန်းက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘေးကင်းလုံခြုံစွာ မြန် မြန်ဆန်ဆန် နေရပ်ပြန်ပို့ရေးဖြစ်ပါတယ်။ သူတို့ကို လေကြောင်း သို့မဟုတ် ရေကြောင်းကနေ ပြန်ပို့မယ်ဆိုတာ ဉီးစားပေးမဟုတ်ပါဘူး” လို့ ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး ဆီဟီလီဆာဘ ရင်က ဝန်ကြီးဌာနရဲ့ အပတ်စဉ်မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်ဆန်စွာ လုပ်ဆောင်နိုင်မယ်လို့ ယူဆတာကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို လေကြောင်းကနေ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုထားတယ်လို့ သူက ဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တွေိကို ဖြစ်နိုင်သမျှစောပြီး ပြန်ပို့လိုပါတယ်။ အချိန် ဆွဲဖို့ အခွင့်အရေးမရှိပါဘူး” လို့ ဆာဘရင်က ပြောပါတယ်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ခိုလှုံခွင့်ပြုတဲ့အတွက် မည်သည့် နိုင်ငံတကာ သို့မဟုတ် နိုင်ငံရေး အကြောင်းပြချက်မှမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာစဉ် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ထံ လက်နက်ချခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာပဋိပက္ခဟာ ပြည်တွင်းရေးပြဿနာတစ်ခုသာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ အချုပ်အ ချာအာဏာ မည်သည့်နည်းလမ်းနဲ့မျှ ခြိမ်းခြောက်မခံရအောင် တပ်လှုန့်ထားဆဲလို့ သူက ပြောပါတယ်။

အဆင်ပြေတဲ့အချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို စေတနာ့အလျှောက် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် စ တင်နိုင်မယ့် ကြိုးပမ်းမှုတွေ နိုင်ငံတကာနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆာဘရင်က ဆိုပါတယ်။

အိမ်နီးချင်းတိုင်းပြည်တစ်ခုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ သာယာဝပြောမှု နဲ့ တည်ငြိမ်မှုရှိတာကို မြင်တွေ့လိုတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ကိုးကား – BSS News
Ref; Myanmar’s border guards safe, speedy return now priority: foreign ministry

#Ayeyarwaddy_Times