
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စ ရာ အချက်တစ်ချက်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်က ပြောပါတယ်။
“လက်ရှိအချိန်ထိ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၈ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကို ဝင်ရောက်ခဲ့တာကြောင့် သူတို့ကို နေရပ်ပြန်ပို့ဖို့ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးနေပါတယ်” လို့ သူက ဆိုပါ တယ်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာရဲ့ ဖိတ်ကြားချက်အရ နယူးဒေလီမြို့တော်မှာ ၃ ရက်ကြာ တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဟတ်ဆန်မာမွတ်က အိန္ဒိယသတင်းထောက်အသင်းမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အခုလို မှတ်ချက်ပြုခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ မြန်မာအာဏာပိုင်တွေ က သဘောတူခဲ့တယ်လို့ မီဒီယာတွေရဲ့ မေးမြန်းချက်ကို သူက ဖြေကြားခဲ့ပါတယ်။
“မြန်မာအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ပြန်လည် ခေါ်ယူဖို့ သဘောတူခဲ့ပေမယ့် ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ ဆွေးနွေးနေပါတယ်” လို့ သူက ဆက် ပြောပါတယ်။
အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်လ်နဲ့ ဆွေးနွေးမှုတွေအကြောင်း မီဒီယာတွေက မေး မြန်းရာမှာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့ မြန်မာ့အရေးအပါအဝင် လုံခြုံရေးရာကိစ္စရပ်တွေကို ဆွေး နွေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – BSS News
Ref; Situation in Myanmar “worrying factor” for India, Bangladesh: Hasan