
ဧရာဝတီတိုင်းမ်
(ဒီးမာ့ဆို)၊ ဖေဖော်ဝါရီ ၈ ရက်
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရသည့် ဒေါဆီအီးကျေးရွာနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း နှစ်ခုမှာကိုယ်ထူကိုယ်ထကျောင်းများဖြစ်ပြီး ဒီးမာ့ဆိုမြို့နယ် ပညာရးဘုတ်အဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် KG+ Grade -12 စနစ်ဖြင့် ဆက်လက် စာသင်ကြားကာ ဖွင့်လှစ်နေသည့် ကျောင်းဖြစ်ကြောင်း IEC ထံကသိရသည်။
စာသင်ကျောင်း နှစ်ကျောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် Grade ၅၊၇၊၈အတန်းများမှ ကလေး လေးဦး နှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးသေဆုံးခဲ့သော်လည်း စစ်ကောင်စီက ၎င်းတို့မလုပ်ကြောင်းငြင်းဆိုခဲ့ပြီး စစ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ကြောင့် PDF များ သေဆုံးခဲ့ကြောင်း ရေးသား ဖော်ပြနေကြသည်။
“အားလုံးမြင်တွ့ခဲ့ကြတဲ့စစ်ကာင်စီရဲ့ လေကြာင်းတိုက်ခိုက်မှုပါ။ ဖေဖော်ဝါရီ ၅ ရက်နေ့ ၁၀ နာရီနဲ့ ၁၁နာရီ ကြားမှာ စစ်တပ်ကေလကြာင်းနဲ့ ဆယ်ကြိမ် ဗုံးနဲ့ချတယ်။ ပေါင်၅၀၀လို့ယူဆရတယ်။အားလုံးရဲ့မျက်မြင်သက်သေတွေရှိတယ်။ မနက်ခင်းလဲဖြစ်လို့ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရတယ်။ လေယာဉ်နဲ့တိုက်ခိုက်တယ်ဆိုတာက မြန်မာမှာ အကြမ်းဖက်စစ်တပ်ကလွဲလို့ဘယ်သူမှမရှိဘူး။ ငြင်းတယ်ဆိုတာကတာ့ သူတို့လုပ်ရိုးလုပ်စဉ် ဗြောင်ငြင်းတာ ဗြောင်လိမ်တာလို့ပဲပြာချင်ပါတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ၎င်းတို့လက်ဝေခံ မီဒီယာများတွင် အဆိုပါနေ့၌ ဒီးမာ့ဆို ဒေသသို့ လေကြောင်းပျံသန်းမှုမရှိကြောင်း၊ သတင်းမှားသာဖြစ်ကြောင်း ငြင်းဆိုသော်လည်း စစ်လော်ဘီမီဒီယာများတွင်မူ “သိန်းငှက်များအစာကောက်ကြောင်း PDF၊ CDM ဆရာဝန်၊ သူနာပြုများ နေထိုင်ရာ နေရာဖြစ် ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF များသာ သေဆုံး ကြောင်းရေးသားဖော်ပြခဲ့သည်။
“အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွ တောက်လျှောက်ကို မှတ်တမ်းမှတ်ရာတွေ သေချာမှတ်ထားပါတယ်။ ဒီအကြာင်းရာတွကိုတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ နိုင်ငံတကာအဆင့်ဆိုတဲ့ဟာတွေနဲ့ အရေးယူနိုင်ဖို့အတွက် တက်နိုင်သမျှအင်အားစုတွေနဲ့ ပူးပေါင်းပြီး အရေးယူဆာင်ရွက်သွားဖို့ရှိပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဆက်လက် ပြောသည်။
လေယာဉ်ဖြင့် ဗုံးကြဲမှုကြာင့်သေဆုံးခဲ့ရသည့် ကလေးများ၏ ဈာပနကို ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်ကောင်စီကထပ်မံဗုံးကြဲမည်ကို စိုးရိမ်သည့်အတွက် လုံခြုံရေးအရ တိတ်တဆိတ်ပြုလုပ်ခဲ့ရကြာင်းလည်း သိရသည်။
စစ်ကောင်စီက ယခုကဲ့သို့ စာသင်ကြား နေချိန် စာသင် ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျောင်းသား လေးဦး အပါအဝင် သေဆုံး ဒဏ်ရာရသူ ၁၉ ဦးရှိခဲ့ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၊ ကရင်နီလူ့အခွင့်ရေးအဖွဲ့(Kaernni Human Right Group) စသည့်အဖွဲ့အစည်းများမှ ကျူးလွန်သူစစ်ကောင်စီကို အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအနေနှင့်လည်း အမြန်ဆုံးဝိုင်းဝန်းအရေးယူ ပေးကြရန် တောင်းဆိုထားသည်။
ဓာတ်ပုံ – FFM
#ကရင်နီ #ဒီးမော့ဆို #စစ်ကောင်စီဗုံးကြဲ #ကလေးသေဆုံး #စာသင်ကြား #သတင်းမှားဖြန့်ဝေ #Ayeyarwaddy_Times