ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၇ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၅ရက်နေ့ ညပိုင်းက တိုင်းအစိုးရရုံးအနီး ကျောက်တိုင်ဘောလုံးကွင်း ဆိုင်ခန်းမှ ငွေသွင်းငွေလွှဲ လုပ်ငန်းလုပ်ကိုင်နေသော “ဆောင်းယမုံ”ဆိုင် ကို ဗုံးအတုနှင့်ခြိမ်းခြောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

” ဆိုင်ထဲကို ၀င်လာပြီး ငွေသိန်း၇၀ပေး
လို့ပြောတယ်မပေးရင် လက်ထဲမှာဗုံးကိုခွဲလိုက်မယ်ဆိုပြီး တိပ်အမဲနဲ့ပတ်ထားတဲ့ အထုပ်နဲ့ခြိမ်းခြောက်တာ ဆိုင်ပိုင်ရှင်က ၀င်လုံးတော့ ထွက်ပြေးသွားတယ် အစိုးရရုံးက စစ်သားတွေက လုံး၀ထွက်မလိုက်ပေးကြဘူး”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

လာရောက်ဓါးပြတိုက်သူလူငယ်မှာအသက် ၂၅နှစ်အရွယ်ခန့်လူငယ်တစ်ဦးဖြစ်ပြီး PCXအမျိုးအစား ဆိုင်ကယ်အနီရောင် ကိုစီးနင်းကာ ဆေးလိပ်ဗူးအခွံကို တိပ်အမဲနှင့်ပတ်ထားသည့် ဗုံးအတု ကျန်ရှိခဲ့ကြောင်းသိရသည်။

လက်ရှိဖြစ်ပွားသောနေရာသည် ဧရာ၀တီတိုင်း အစိုးရအဖွဲ့ရုံးနှင့် အနီးဆုံးနေရာဖြစ်ပြီး နေ့စဥ် စစ်ကောင်စီတပ်များ ရဲများ အင်းအားများစွာချထားပြီး CCTVများ စွာတပ်ထားသောလည်းယနေ့ထိ တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် မြို့ခံများမှဝေဖန်နေကြသည်။

ပုသိမ်မြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းသွားလမ်းလာများကို ဆိုင်ကယ်စီးပြီးလိုက်လံလုယက်မှုများနှင့် နေအိမ်များကို ၀င်ရောက်ဓားပြတိုက်၊ခိုးယူမှုများပိုမိုဖြစ်ပွားခဲ့သော်လည်း တရားခံများကိုဖမ်းမိခြင်း တစ်ကြိမ်မှ မရှိသေးကြောင်း ဒေသခံများမှပြောသည်။

ပုသိမ်မြို့တွင်နေ့စဥ်တိုင်း စစ်ကောင်စီနှင် ရဲတပ်ဖွဲ့များက အင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာအဓိကထားပြီး ဖမ်းဆီးနေခြင်းကြောင့် ခိုဆိုးလုအမှုများ နေ့စဥ်ဖြစ်ပွားနေပြီး၊လောင်းကစား၊ လုယက်မှု၊မူးယစ်ဆေးဝါးရောင်းချမှုနှင့် ငွေတုရောင်းချခြင်း လုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှု လျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

#ပုသိမ်မြို့စစ်ကောင်စီတပ် #အစိုးရရုံး #ငွေလွှဲဆိုင် #ကိုဗုံးအတု #ဓားပြတိုက် #Ayeyarwaddy_Times