
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်ကျရောက်ခဲ့တဲ့ မော်တာကျည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနှစ်ဉီး သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီခန့် သံအမတ် အောင်ကျော်မိုးကို ဆင့်ခေါ်ကာ အပြင်းအထန် ကန့်ကွက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်ဆန်မာမွတ်က ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ လုံးဝကို လက်သင့်ခံနိုင် စရာမရှိပါဘူး” လို့ သူက ဖေဖော်ဝါရီလ ၆ ရက် နေ့လည်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။
ကော့ဘဇားခရိုင်ထဲ မြန်မာနိုင်ငံဘက်မှလူတွေ ဝင်ရောက်တာနဲ့ ရခိုင်ပြည်နယ်ဘက်မှ မော်တာကျည် တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်တာကြောင့် လူသေဆုံးမှုဖြစ်စဉ်တွေဟာ လက်သင့်ခံနိုင်စရာမရှိသလို ရိုဟင် ဂျာတွေကို ရခိုင်ပြည်နယ်သို့ နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် မိုင်နူကဘားက မနက်ပိုင်းမှာ မြန်မာ စစ်ကောင်စီခန့် သံအမတ်ကို ဆင့်ခေါ်ကာ နယ်စပ်ဖြစ်စဉ်တွေအတွက် ကန့်ကွက်လွှာ ပေးအပ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကန့်ကွက်မှုကို စစ်ကောင်စီထံ သတင်းစကားပေးပို့မယ်လို့ မြန်မာသံအမတ်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၂၉ ဉီးနဲ့ မိသားစုဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတယ်လို့ ဟတ်ဆန်မာမွတ်က ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ကို ပိုမိုကောင်းမွန်စွာ ဆေးဝါးကုသပေးနိုင်ဖို့ ကော့ဘ ဇားမှ ချတ်တိုဂရမ်သို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ မြန်မာစစ်ကောင်စီက သဘောတူညီခဲ့ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ နှစ်နိုင်ငံကြား ဆွေးနွေးနေတယ်လို့ ဟတ်ဆန်မာမွတ်က ဆက်ပြောပါတယ်။
“မြန်မာစစ်ကောင်စီက သူတို့တပ်ဖွဲ့ဝင်တွေကို ရေလမ်းကြောင်းကနေ ပြန်လည်ခေါ်ယူဖို့ သဘောတူပါ တယ်” လို့ သူက ဆိုပါတယ်။
“ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအတွက် ကျွန်တော်တို့ အိန္ဒိယနိုင်ငံရဲ့ ပံ့ပိုးကူညီမှု ရရှိခဲ့ပါတယ်။ နှစ်နိုင်ငံစ လုံးက မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ကျွန်တော်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း မြန်မာ့အရေးကို ဆွေး နွေးမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကား – BSS News
Ref; Dhaka strongly protest summoning Myanmar envoy: Hasan