
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
ဒေသတွင်းနိုင်ငံတွေရဲ့ ထိရောက်မှုမရှိတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်မှုတွေကို မြန်မာနိုင်ငံဆိုင် ရာ အထူးသံတမန်က တနင်္လာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မရှင်းလင်းမီ မြန်မာစစ်တပ်ရဲ့ အရပ်သား တွေအပေါ် ရမ်းသမ်း လေကြောင်းတိုက်ခိုက်မှုတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင် (၉) နိုင်ငံက ရှုတ်ချခဲ့ပါတယ်။
အာဆီယံ အထူးသံတမန် လာအိုဝါရင့်သံတမန် အလွန်ကီယိုကစ်တီခွန်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကိုယ်စား ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ မိန့်ခွန်းပြောခဲ့ပါတယ်။
လျှို့ဝှက် သံခင်းတမန်ခင်းဆက်လက်ပြုလုပ်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံအဖွဲ့ရဲ့ ဘုံသ ဘောတူညီချက် (၅) ရပ်ကို ဖော်ဆောင်ဖို့ ကစ်တီခွန်က ကတိပြုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် သံတမန်တစ်ဉီးက ပြောပါတယ်။
အစည်းအဝေးမစတင်မီ အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုတဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး ဘာဘရာဝုဝုဒ်ရဲ့ ထုတ် ပြန်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် (၉) နိုင်ငံက ထောက်ခံခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူ ၁၈ သန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး ပြည်သူ ၂ ဒသမ ၆ သန်း အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၉) နိုင်ငံဖြစ်တဲ့ အက်ကွေဒေါ၊ ပြင်သစ်၊ မော်လ်တာ၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့က ပြောပါတယ်။
ပိုမိုပြင်းထန်သော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဉီးကျော် မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ပိုင်နက်နယ်မြေထိန်းချုပ်မှုတွေရရှိကာ စစ်ကောင်စီက နေ့စဉ် နယ်မြေစိုးပိုင်မှု ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်မှု၊ တရားဉပဒေစိုးမိုးရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေ ကို အဖွဲ့အစည်းအားလုံးက လေးစားသမှုရှိဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိ တာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၉) နိုင်ငံက ပြောပါတယ်။
ကိုးကား – AP
Ref; 9 UN Security Council members urge a halt to airstrikes by Myanmar’s military