
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
တိုက်ပွဲတွေအတွင်း မြန်မာဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ နယ်စပ်တစ်လျှောက် ကျရောက် ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနှစ်ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ ကီလိုမီတာ ၂၇၀ ရှိတဲ့ နယ်စပ်တစ် လျှောက် မြန်မာနိုင်ငံဘက်ခြမ်းမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၄ ရက်က ဒဏ်ရာရရှိခဲ့တဲ့ လူ ၁၇ ဉီးကို ဆေးကုသပေးခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။
“လူနာအားလုံးက သေနတ်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ နှစ်ဉီးက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပြီး ငါးဉီးက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်” လို့ MSF က ဖေဖော်ဝါရီလ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်က ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတစ်ဉီးနဲ့ ရိုဟင်ဂျာအမျိုးသားတစ်ဉီး သေဆုံးခဲ့တယ် လို့ ဒေသန္တရရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလ်မန်နန်က ပြောပါတယ်။
အိမ်နီးချင်းမြန်မာမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေကြောင့် မိမိ တို့ပိုင်နက်အတွင်း ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒပ်ဇာမန်းခန်းက ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉၅ ဉီး နယ်စပ်ကိုဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
အေအေတပ်ဖွဲ့ဝင်တွေက ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ် ပွားနေတယ်လို့ အေအေက အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြော ကြားခဲ့ပါတယ်။
မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ လက်နက်တွေနဲ့အတူ ဝင်ရောက်သွားခဲ့ တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ အပစ်အခတ်ရပ်စဲခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဇန်နဝါရီ လအတွင်း ကြေညာခဲ့ပေမယ့် အဆိုပါသဘောတူညီချက်က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနီး နယ်စပ်တွေကို မသက်ရောက်ခဲ့ပါဘူး။
ကိုးကား – AFP
Ref; Two killed in Bangladesh as fighting rages on Myanmar border: Police