
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ရှမ်းမြောက်တိုက်ပွဲများတွင် စစ်ရှုံးပြီး နယ်မြေအချို့ ကိုလက်လွှတ်လိုက်ရသည့် စစ်ကောင်စီက ရှမ်းပြည်နယ်ကို အုပ်ချုပ်ရန် စစ်ဘက်ဆိုင်ရာ ရာထူးများကို လဲလှယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရှမ်းမြောက်စစ် ဆင်ရေးများကို စီမံကွပ်ကဲပြီး စစ်ရှုံးခဲ့သည့် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ- ၂) မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်ကို ဗိုလ်ချုပ်ကြီးအဆင့်မှ အရပ်ဘက်သို့ ပြောင်းလဲပြီး ရှမ်းပြည် နယ်၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။
၎င်းကစထ-၂ မှူးနေရာကို လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကို ဒု ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးပေးပြီး တိုင်းစစ်ဌာနချုပ် လေး ခုကိုကွပ်ကဲရသည့် နေရာကို ခန့်အပ်လိုက် ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်အောင်သည် ကစထ-၂ မှူးဖြစ်သည့် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်နှင့် ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တို့ကို ဦးစီးရသည့် တိုင်းမှူးချုပ်ရာ ထူးမှတစ်ဆင့် ယခုရှမ်းပြည်နယ်၀န်ကြီးချုပ်ဖြစ်လာ ခြင်းဖြစ်သည်။
ယခု ရှမ်းပြည်နယ်၀န်ကြီးချုပ်ဖြစ်လာသည့် ဒုဗိုလ် ချုပ်ကြီးအောင်အောင်သည် ကစထ-၂ မှူးတာ၀န် မထမ်းဆောင်ခင်က စစ်တက္ကသိုလ် DSA ကျောင်းအုပ်၊ တပ်မ (၃၃) တပ်မမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ တိုင်းမှူးအဖြစ် တာ၀န်ယူခဲ့သူဖြစ်ပြီး အချိန်တိုအတွင်း ပြည်နယ်၀န်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။
ဒုဗိုလ် ချုပ်ကြီးအောင်အောင်သည် တပ်မ (၃၃) တပ်မမှူးအဖြစ် တာ၀န်ယူခဲ့စဉ်က ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများတွင် ဦးဆောင်ပါ၀င်ပြီး ရက် စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားသူတစ်ဦး ဖြစ်ပြီး ကစထမှူးတာ၀န်ထမ်းဆောင်စဉ်ကလည်း ကရင်နီပြည်နယ်တွင် စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယခု ကစထ ၂ မှူးနေရာသို့ ရောက်ရှိလာသည့် ဗိုလ်ချုပ်နိုင်နိုင်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် (၃၅) ဆင်းဖြစ်ပြီး လက်ရှိ စစ်တိုင်းမှူး ၁၄ ဦးအနက်တွင် သက်တမ်းရှည်တိုင်းမှူးဖြစ်ကြောင်း သိရသည်။
လစ်လပ်သွားသည့် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ)တိုင်းမှူးနေရာတွင် နေပြည်တော်စစ်ရုံးရှိ ဒုတိ ယတပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဗိုလ်ချုပ်စိုးတင့်ကို ခန့်အပ်ထားသည်ဟု သိရသည်။
ထို့အပြင် စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန် တပ်မဌာနချုပ် (တမခ-၃၃) ၏ တပ်မမှူးနေရာကို ရခိုင်တောင်ကုတ်အခြေစိုက် အမှတ် (၅၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ဒုစကခမှူး ဗိုလ်မှူးကြီးအောင်ဇော် လင်းနှင့် အစားထိုးခန့်အပ်ခဲ့ပြီး ယခင်တပ်မမှူး ဗိုလ် မှူးချုပ် ကျော်ဆတ်မြင့်ကို မည်သည့်နေရာကို ပြောင်း ရွှေ့လိုက်သည်ကို မသိရပေ။
စစ်ကောင်စီက ရှမ်းမြောက်ဒေသတွင် နယ်မြေများ ဆုံးရှုံးပြီး စစ်အခြေစိုက်ဒေသများပါ လက်လွတ်ခဲ့ရ ပြီးနောက် ဆိုင်ရာစစ်တိုင်းမှူးနှင့် တပ်မမှူးများကို အရေးယူမှုများရှိခဲ့သလို ယခုကဲ့သို့ ရာထူးတိုးခန့်အပ် မှုများလည်းရှိကြောင်း သိရသည်။
စစ်ရေးရှုံးနိမ့်သည့်နယ်မြေ ရှမ်းမြောက်တွင် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နှင့် မြို့အနည်းငယ်သာကျန် ရှိပြီး ဒကစရုံးများအခြေစိုက်သည့် မြို့ကြီးများကို လက်လွှတ်ခဲ့ရသည့်အတွက် ရုံးထိုင်စရာ နေရာပင်မရှိတော့သော်လည်း ၎င်းနေရာများတွင် တာ၀န်ထမ်း ဆောင်ရန် တာ၀န်ခန့်အပ်မှုများ ပြုလုပ်နေခြင်းဖြစ် သည်။
ပုံစာ-ကစထ ၂ မှူးဖြစ်လာသူ ဗိုလ်ချုပ်နိုင်နိုင်ဦး
#စစ်ကောင်စီ #ရာထူးပြောင်းလဲခန့်အပ် #ရှမ်း၀န်ကြီးချုပ် #ဒကစ၂ #ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး #Ayeyarwaddy_Times