
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာကား ၀င်းအတွင်း မီးလောင်မှုတွင် ကားဂိတ်မှ ၀န်ထမ်း သုံး ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
အောင်မင်္ဂလာအဝေးပြေး ပစောက်၀င်း၊ တနင်္သာရီလမ်း၊ ရွှေလင်းယုန်ကားဂိတ်တွင် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၅ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ရွှေလင်းယုန်ဂိတ်အတွင်းရှိနေ သည့် ၀န်ထမ်း သုံး ဦး မီးလောင်သေဆုံးကာ ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်းထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အပြီး လောင်းကျွမ်းသွားသည့်ဆိုင် ခန်းများကို စက်ယန္တယားများဖြင့် ဖြိုချရာတွင် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပေါ်ခဲ့သည့် ရွှေလင်း ယုန်ကားဂိတ် အတွင်းမှ အမျိုးသားအလောင်း သုံး လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းချိန်တွင် ရွှေလင်းယုန်ကားဂိတ် အတွင်းမှ ပိတ်မိနေသည့် လူသုံးဦးမှာ ရေများဖြင့်ပက်၍ မီးငြိမ်းသတ်နေသေးသော်လည်း ဂိတ်ကိုအပြင်မှ သော့ခတ်ထားသည့်အတွက် ပိတ်မိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မီးလောင်မှုဖြစ်စဉ်ကို ကူညီခဲ့ သူတစ်ဦးထံက သိရသည်။
“ဆိုင်ခန်းဖြိုချလိုက်တော့ နှစ်ယောက်က ရေချိုးခန်း ရှေ့မှာ သေနေတယ်။ တစ်ယောက်က ရေပုံးပြာကြီးထဲမှာ သေနေတာ။ ဆိုင်ခန်းတွေကတော့ အကုန်ပိတ်ထားတဲ့ ဆိုင်ခန်းတွေ လောင်ကုန်တာ။ ၁၀ ခန်းကျော်လောက်ပါသွားတယ်။ စာရွက်စာတမ်းတွေရော ကုန်တွေရော လောင်ကုန်တယ်”ဟု မီးလောင်မှုကို သွားရောက်ကူညီ သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မီးလောင်မှုကြောင့် ရာဇာမင်း၊ မန္တလာမင်း၊ ၀င်း၊ အောင်ကျော်ဇောနှင့် ကားလက်မှတ်အရောင်းဂိတ်တို့ အပါအ၀င် ဆိုင်ခန်း ၁၀ ခန်းကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
#အောင်မင်္ဂလာ #ကားအဝေးပြေး၀င်းမီးလောင် #ရွှေလင်းယုန်ဂိတ် #၀န်ထမ်း၃ဦးသေ #Ayeyarwaddy_Times