
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ပြင်းထန်မှုကြောင့် မြန် မာနယ်ခြားစောင့်တပ်ဖွဲ့ (၁၄) ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင်ရှိ တောင်ကုန်းထူထပ်ရာ နယ်စပ်တစ်လျှောက် အပါ အဝင် နယ်စပ်တွေမှာ မြန်မာစစ်တပ်ဟာ အေအေနဲ့ တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီကြာမြင့်ပြီလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
“မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးခဲ့ပြီး သူတို့ရဲ့ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေကို အပ်နှံခဲ့ပါတယ်” လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို သတိ ထားမိပေမယ့် တရားဝင် အတည်ပြုချက် မရသေးဘူးလို့ ဘန်ဒါဘန် ခရိုင်အုပ်ချုပ်ရေးမှူး ရှားမူဂျာဟစ်အူဒင်က ပြောပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်တဲ့ကျည်ဆံတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဉီး ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။
စနေနေ့နှောင်းပိုင်းမှာ မြန်မာဘက်ခြမ်းမှပစ်လွှတ်တဲ့ အမြောက်ကျည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ကျ ရောက်ခဲ့ပြီး တနင်္ဂနွေနေ့အထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။
နယ်စပ်တစ်လျှောက်ရှိ စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် နယ်စပ် ကျေးရွာနေ ဒေသခံတွေကြား အုတ်အော်သောင်တင်းဖြစ်စေခဲ့တယ်လို့ ရှားမူဂျာဟစ်အူဒင်က ဆိုပါတယ်။
“နယ်စပ်နေ ဒေသခံတွေကို နိုးနိုးကြားကြားရှိကြဖို့နဲ့ ဘေးကင်းတဲ့နေရာတွေမှာနေကြဖို့ တိုက်တွန်းထား ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို နယ်စပ်ကအခြေအနေ ကိုင်တွယ် ဖြေရှင်းဖို့ တပ်လှုန့်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကို တားဆီးဖို့ နယ်ခြား စောင့်တပ်ဖွဲ့ကို တပ်လှုန့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်က ဒါကာမြို့တော် မှာ မကြာသေးမီက သတင်းထောက်တွေ
ကို ပြောကြားခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; 14 Myanmar border police flee to Bangladesh as junta fights rebels