မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေး ပြေးကားအတွင်း၌ ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကားဂိတ်အချို့ မီးလောင်ပျက်စီး ခဲ့ကြောင် သိရသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် အောင်မင်္ဂလာကား၀င်း၏ ပ-၀ငျး(ပစောက်ဝင်း)အတွင်းရှိ ကားဂိတ် တစ်ခုမှစတင်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကား၀င်းအတွင်း နေထိုင်သူတစ်ဦးထံက သိရသည်။

“ဘယ်ကားဂိတ်က စလောင်တယ်ဆိုတာ မသိရဘူး။ လောင်တာအရမ်းမြန်တယ်။ တစ်နာရီလောက်အတွင်းကို ဂိတ် (၇)ဂိတ်လောက်ကူးသွားတာ။ ကားတွေ ပါမပါတော့ မသိရသေးဘူး။ လောင်တော့ ထွက်ပြေးကြတာ”ဟု ကား၀င်းအတွင်း နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

အဆိုပါ ဂိတ်တစ်ခုစတင်လောင်ကျွမ်းရာမှ ကား ဂိတ် ခုနစ်(၇) ဂိတ်အထိ ကူးစက်လောင်ကျွမ်းသွားပြီး ပျက်စီးဆုံးရှုံးမှု များသည်ဟု သိရသည်။

ယင်းမီးလောင်းမှုကို မင်္ဂလာဒုံ မြောက်ဥက္ကလာပမြို့ နယ်များရှိ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များမှမီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီအချိန်ခန့်တွင် မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#အောင်မင်္ဂလာ #အဝေးပြေးကား၀င်း #မီးလောင်#ကားဂိတ် #မီးသတ် #Ayeyarwaddy_Times