
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ရက်
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဖော်ဆောင်ခဲ့သည့် NUG Pay ကို အသုံးပြု၍ ငွေပေးငွေယူပြုလုပ်မှု ပမာဏ ဘီလီယံ ၁၀၀၀ အထိ ရှိလာကြောင်း အဆိုပါ ဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
NUG Pay ကို စစ်ကောင်စီ၏ ထိန်းချုပ်မှု အောက်ရှိ ငွေကြေးစနစ်များအပေါ် မှီခိုနေရမှုကို အဆုံး သတ်ရန်နှင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် လုံခြုံစိတ်ချရသော ငွေကြေးစနစ်တစ်ခုကို ဖော်ဆောင်နိုင်ရန် ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ယခုအခါတွင် ငွေပေးငွေယူပြုလုပ်မှု ပမာဏ ဘီလီယံ ၁၀၀၀ အထိ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူလူထုသည် စစ်အာဏာရှင်ကို တော်လှန်သော စိတ်ဖြင့် NUG Pay ကို အသုံးပြု၍ အားပေးဝန်းရံပေးမှုကြောင့် ဘီလီယံ ၁၀၀၀ (၁ ထရီလီယံ) သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၄င်းသည် ပြည်သူများကိုယ်တိုင် လည်ပတ်သည့် ပြည်သူ့ငွေကြေးစနစ်တစ်ခု၏ မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဆိုထားသည်။
#NUGPay #ငွေပေးငွေယူပြုလုပ်မှု #ဘီလီယံ၁၀၀၀ #Ayeyarwaddy_Times