
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်း အိန္ဒိယနိုင်ငံက အာဏာ သိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ထုတ်ဖော်ပြောခဲ့ပြီး တိုင်းပြည်ရဲ့ လုံခြုံရေးအတွက် တိုက်ရိုက် ဂယက် ရိုက်ခတ်မှုတွေရှိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေ ခြောက်လ သက်တမ်းတိုးကြောင်း ကြေညာအပြီးမှာ အိန္ဒိယ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ရန်ဟာဂျိုင်ဝယ်လ်က အခုလို မှတ်ချက်ပြုခဲ့တာပါ။
အောက်တိုဘာလနောက်ပိုင်း ဒီမိုကရေစီအင်အားစုတွေရဲ့ ဆက်တိုက် စစ်ရေးအောင်မြင်မှုတွေက စစ် ကောင်စီရဲ့ အာဏာသိမ်းထိန်းချုပ်ရေးကို စမ်းသပ်ခဲ့ပါတယ်။
“အိန္ဒိယနိုင်ငံအတွက် တိုက်ရိုက် ဂယက်ရိုက်ခတ်မှုတွေရှိတဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့အခြေနေကို ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံရဲ့မိတ်ဆွေ အိမ်နီးချင်းတိုင်းပြည်အနေနဲ့ အိန္ဒိယနိုင်ငံက အကြမ်းဖက် မှုတွေ အပြီးတိုင် ရပ်ဆိုင်းရေးနဲ့ မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူး ပြောင်းရေးကို ထောက်ခံအားပေးပါတယ်” လို့ သူက ဆိုပါတယ်။
အိန္ဒိယနိုင်ငံက အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာ့အရေးကို စောလျင်စွာ အ ဖြေရှာဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည်ရရှိစေလိုတယ်လို့ သူက ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေဟာ လုံခြုံရေးအခြေအနေ၊ မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်အားလုံးနဲ့ ဆက်စပ်နေတယ်လို့ ရန်ဟာဂျိုင်ဝယ်လ်က ပြောပါတယ်။
ရာနဲ့ချီတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ တွေထံ လက်နက်ချအညံ့ခံခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်ဟာ တိုက်ပွဲတွေကနေထွက်ပြေးကာ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယ နိုင်ငံထဲကို ဝင်ရောက်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်တွေမှာ ခိုလှုံနေကြပါတယ်။
ကိုးကား – The Hindustan Times
Ref; India concerned over violence and instability in Myanmar