
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးရွားလာတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ထုတ်ဖော်ပြောခဲ့ပါ တယ်။
ဒီမိုကရေစီအုပ်ချုပ်ရေးကို ပြန်သွားဖို့နဲ့ အရပ်ဘက်အုပ်ချုပ်မှု ပြန်အပ်ခန့်ဖို့ အရေးကြီးကြောင်း ဂူတာ ရက်စ်က ပြောကြားခဲ့တယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချပြီး အရပ်သားတွေကို ကာကွယ် ပေးဖို့နဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
“မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးဆိုင် နှိပ်ကွက်မှုတွေ ရပ်တန့်ရမှာဖြစ်ပြီး တာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်ပါတယ်” ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာ့အရေးကို စိတ်ဝင်စားဖို့နဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးရေး စုပေါင်း အ ရေးယူဖို့လည်း ဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။
တာရှည်ခံသော အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံအဖွဲ့နဲ့ ဒေသတွင်းတိုင်းပြည်တွေ အပါအ ဝင် သက်ဆိုင်သူအားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ သံန္နိဌာန်ချထားဆဲလို့ သူက ပြောပါတယ်။
ပဋိပက္ခတွေနဲ့ တိုင်းပြည်တစ်ဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရှိန်မြှင့်နေစဉ် မြန်မာစစ်တပ်ရဲ့ ရွေး ကောက်ပွဲကျင်းပဖို့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။
“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော လူ့ အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးဆန္ဒနဲ့အတူ ရပ်တည်ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – The United Nations Office at Geneva
Ref; Myanmar: Military’s ‘campaign of violence’ must end, UN chief says on anniversary of coup