ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

တိုင်းနှင့်ပြည်နယ်အနှံ တော်လှန်အင်အားစုများ၏ တိုက်ခိုက်ခြင်းခံနေရသည့် စစ်ကောင်စီတပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် တာဝန်ထမ်းဆောင်ပြီးရင် ကာလုံအစည်းဝေးခေါ်ကာ တာဝန်ပြန်အပ်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။

ရှမ်းမြောက်၊ စစ်ကိုင်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်များနှင့် စစ်စခန်းများ တပ်ရင်းများ ဆုံးရှုံးလာပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်ပြီး ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

” အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက သာမန်ဆန္ဒပြမှုများမှတဆင့် ဆူပူဆန္ဒမှုများ၊ ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက် မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေပျက်ယွင်းသွားခဲ့ခြင်းကြောင့် ယခုလို့ အချိန်ကြာမြင့်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

ဒါ့ပြင် တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကိုလည်း စစ်သင်တန်းပေးခြင်းနှင့် လက်နက်ခဲယမ်းများထောက်ပံ့ပေးခြင်းတို့ပြုလုပ်ခဲ့သဖြင့် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင်မှုများဖြစ်ကြောင်းပြစ်တင်ပြောဆိုခဲ့သည်။

လက်ရှိတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်နှင့် စစ်စခန်းနှင့် တပ်ရင်းပေါင်း ၃၅၀ ကျော် လက်လွှတ်ခဲ့ရပြီဖြစ်သည်။

ဒီအခြေသည့် မြန်မာစစ်တပ်သမိုင်းတွင် အကြီးမားဆုံးသော စစ်ရှုံးသည့် အခြေအနေတစ်ခုဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူများအကြား ပြောဆိုမှုများလည်း ရှိနေသည်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #တာဝန် #ကာလုံ #Ayeyarwaddy_Times