
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ အရင်ကလောက် မကောင်းပေမယ့်လည်း စိတ်ဓာတ်ကြံ့ခိုင်နေဆဲပဲလို့ သားဖြစ်သူ ကင်မ်အဲရစ် က ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက စစ်တပ်ရဲ့ ထိန်းသိမ်းခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် ရဲ့လက်ရေးမူစာ ဓာတ်ပုံတစ်ပုံကို ဗြိတိန် နိုင်ငံခြားရေးရုံးကနေတဆင့် လက်ခံရရှိခဲ့တယ်လို့ ကင်မ်အဲရစ်က ပြော ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုသံသရာနဲ့ စီးပွားရေးအကျပ်အ တည်း ဖြစ်စေခဲ့တဲ့ အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သူက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။
စာထဲမှာ ကျန်မိသားစုဝင်တွေအတွက် မေတ္တာပို့ကြောင်း၊ သူ့အနေနဲ့ စိတ်ဓါတ်မကျဘဲရှိနေကြောင်း၊ သူ့ ကျန်းမာရေးဟာ အရင်ကလောက်မကောင်းပေမယ့် သူ့စိတ်ဓါတ်ကတော့ ခိုင်မာဆဲဖြစ်ကြောင်း ဖေါ်ပြထားတယ် လို့ အသက် ၄၇ နှစ်အရွယ် ကင်မ်အဲရစ်က ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်အကျဉ်းထောင်မှာ သီးခြား ချုပ်နှောင်ခံထားရဆဲပဲ လို့ ကင်မ်အဲရစ်က ဆက်ပြောပါတယ်။
သူ့မိခင်ဟာ ကောင်းကောင်းမစားနိုင်သလို ပြင်ပဆရာဝန်နဲ့ ပြခွင့်တောင်းတာကိုလည်း ပယ်ချခံခဲ့ရတာ ကြောင့် မိခင်ရဲ့ကျန်းမာရေးအတွက် အထူး စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်တုန်းက ကင်မ်အဲရစ်က ပြောခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သစ္စာဖောက် မှုနဲ့ အဂတိလိုက်စားမှုမှသည် ဆက်သွယ်ရေးဉပဒေချိုးဖောက်မှုအထိ ပါဝင်တဲ့ အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၂၇ နှစ် ချ မှတ်ခဲ့ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။
လက်နက်ကိုင်ခုခံတော်လှန်မှုဟာ မျက်နှာစာပေါင်းစုံမှာ အရှိန်အဟုန်ရလာတာကြောင့် အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ မြန်မာစစ်တပ်ဟာ အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။
ကိုးကား – Reuters
Ref; Ailing Myanmar ex-leader Suu Kyi in ‘good spirits’ in solitary, says son: Media