
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ တပ်မနှစ်ခုနဲ့ မြန်မာစစ် တပ်ထံ စီးပွားရေး အရင်းအမြစ်တွေ ထောက်ပံ့နေတဲ့ နိုင်ငံပိုင်လုပ်ငန်းနှစ်ခုကို အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ် လည်နေ့မှာ ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူကြောင်း ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံက အမှတ် (၁) သတ္ထုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္ထုတွင်းလုပ်ငန်း၊ အမှတ် (၇၇) ခြေမြန် တပ်မဌာနချုပ်နဲ့ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်တို့ကို ဒဏ်ခတ်ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ငွေကြေးနဲ့ စစ်လက်နက်ရပေါက်တွေကို ပစ် မှတ်ထားတဲ့ Myanmar Sanctions Region အရ လူပုဂ္ဂိုလ် ၂၅ ဉီးနဲ့ စီးပွားရေးလုပ်ငန်း ၃၃ ဉီးကို ဒဏ်ခတ်ပိတ်ဆို ခဲ့ပါတယ်။
Global Human Rights Regime အရ ဗြိတိန်နိုင်ငံက မြန်မာစစ်တပ်ရဲ့ အရေးပါသော စီးပွားရေးလုပ်ငန်း စုနှစ်ခု၊ လုပ်ငန်းခွဲ ၁၁၁ ခုနဲ့ လူပုဂ္ဂိုလ် ၃ ဉီးကို အရေးယူခဲ့ပါတယ်။
ဗြိတိန်က ကမ္ဘာ့နိုင်ငံ ၈ ခု၊ ဉရောပသမဂ္ဂတို့နဲ့အတူ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ မြန်မာစစ် ကောင်စီရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ နှိပ်ကွက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။
“အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ကျွန်တော်တို့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ နှိပ်ကွက်မှုတွေ ရပ်တန့်ဖို့ ဖိအားတွေ တိုးပေးနေပါတယ်။ မြန်မာစစ်တပ်ရဲ့ အရင်းအမြစ်ရပေါက်တွေကို ရပ်တန့်ဖို့ ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုသစ်တွေ ပြုလုပ်နေပါတယ်” လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း က ပြောပါတယ်။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်တစ်ရပ် ရရှိစေမယ့် ကြိုးပမ်းမှုတွေလုပ်ဆောင်ဖို့ ဗြိတိန်နိုင်ငံက နိုင်ငံတကာမိတ်ဖက်တွေနဲ့ လက်တွဲနေတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – https://www.gov.uk
Ref; Myanmar military-linked enterprises and infantry divisions sanctioned three years on from the military coup