
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
မြန်မာစစ်တပ်က အတိုက်အခံညွန့်ပေါင်းအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို စစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ အရပ်သားတွေကို ထိခိုက်စေတဲ့ တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေထံ စစ်လက်နက်တွေ သို့မဟုတ် ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးတဲ့ အစိုးရတွေ က စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ ကြံရာပါဖြစ်နိုင်တယ်လို့ HRW က ဆိုပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီရဲ့ အကြောင်းမဲ့ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှု၊ တရားလက်လွှတ် သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေအပေါ် ရမ်းသမ်းတိုက်ခိုက်မှုတွေက လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုနဲ့ စစ် ရာဇဝတ်မှုမြောက်တယ်လို့ HRW က ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ တရားမဝင် လေ ကြောင်းတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ HRW ရဲ့ စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့ပါတယ်။
“သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ဖြတ်တောက်မယ့် ပိုမို လုပ်ဆောင်သင့်ပါတယ်။ အရပ်သားတွေအပေါ် တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နိုင်တဲ့ လေယာဉ် ဆီတင်သွင်းမှု အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် လက်နက်တင်သွင်းမှုပိတ်ပင်ရေး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းသင့်ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး အဲလိန်းပီ ယားဆင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက ဆိုးရွားနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး ဗော်လ်ကာတပ်ခ်က ဇန်နဝါရီလ ၃၀ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ဒီဇင်ဘာလအစောပိုင်းမှာ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့အပေါ် တိုက်ခိုက်မှုအတွင်း ကလပ်စတာဗုံးတွေကို အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောပါ တယ်။
သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေကြောင့် ပြည်သူ ၆၀၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ ရပြီး လူသားချင်းစာနာမှုအေဂျင်စီတွေနဲ့ ဒေသန္တရအဖွဲ့အစည်းတွေက ပြည်သူတွေ နေရပ်စွန့်ခွာရမှု မြင့်တက်လာ တာကို တုံ့ပြန်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ရုရှားနဲ့တရုတ်က မြန်မာစစ်ကောင်စီထံ စစ်လက်နက်တွေ ဆက် လက်ရောင်းချခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန် ဒရူးက ပြောပါတယ်။
ကိုးကား – HRW
Ref; Myanmar: Military Abuses Against Civilians Intensify