
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်
ဩစတြေးလျနိုင်ငံက ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်မှုရှိတဲ့ စီးပွားရေးလုပ်ငန်း ၅ ခုအပေါ် ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကိုယ့်ပြည်သူတွေပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နိုင် အောင် အထောက်အပံ့ဖြစ်စေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ငွေကြေးနဲ့ စစ်လက်နက်တွေရရှိမှုကို ကန့်သတ်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်တာလို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။
ဩစတြေးလျနိုင်ငံက စစ်ကောင်စီထိန်းချုပ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ကို ဒဏ်ခတ်အရေးယူခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်ပို့တဲ့ Asia Sun Group၊ Asia Sun Trading Co Ltd နဲ့ Cargo Link Petroleum Logistics Co Ltd တို့ကိုလည်း ဩစတြေးလျနိုင်ငံက ပစ်မှတ်ထား အရေးယူခဲ့ပါတယ်။
စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုနဲ့ နိုင်ငံရေး၊ လူသားချင်းစာနာမှု၊ လုံခြုံရေးအခြေအနေ ဆက်လက် အခြေအနေဆိုးရွားတာကို လက်တုံ့ပြန်မှုအဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ် တာလို့ ပန်နီဝေါင်က ပြောပါတယ်။
“ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ မြန်မာ့အရေး အဖြေရှာဖို့ နိုင်ငံတကာ အထူးသဖြင့် အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ပမာမခန့်ပြုလုပ်တဲ့အပေါ် ဩစတြေးလျနိုင်ငံက အ လွန်အမင်း စိုးရိမ်တယ်ဆိုတဲ့ သတင်းစကား ပေးပို့တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
“အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ မတရား ထိန်းသိမ်းထားသူတွေကို လွှတ်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ရရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းရေးအတွက် ဩစတြေးလျနိုင်ငံက မြန်မာစစ်ကောင်စီကို ဆက်လက် ဖိအားပေးသွားမှာဖြစ်ပါတယ်” လို့ သူက ကတိပြုပါတယ်။
ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ စိတ်ပိုင်းဖြတ်ထားဆဲလို့ ဩစ တြေးလျနိုင်ငံက ပြောပါတယ်။
ကိုးကား – ANI News
Ref; Australia imposes sanctions on five entities with direct links to Myanmar’s military regime