
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်ရှိ စိုက်ဘဏ်ချေးငွေ ပေးရန်ကျန်ရှိသော တောင်သူများကိုချေးငွေအမြန်ဆုံးပြန်ဆပ်ရန် နိုတစ်စာများ လိုက်လံပေးပို့နေကြောင်းဒေသခံများထံမှသိရသည်။
“ရွာအုပ်ချုပ်ရေးမှူးက စာတွေခေါ်ပေးတာစိုက်ဘဏ်ချေးငွေကို ၂၀၂၄ဖေဖေဝါရီလအတွင်းအကုန်ပြန်ဆပ်ဖို့နဲ့ မဆပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်၊လယ်ကိုပုံစံ(၇)သိမ်းပြီး မြေကိုလေလံပစ်မယ်လို့လဲပြောတယ်”ဟု တောင်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကြွေးဆပ်ရန်ကျန်ရှိသော တောင်သူများကို စစ်ကောင်စီ လက်အောက်ခံ စိုက်ဘဏ်မန်နေဂျာ ဦးမြင့်စိုးဆိုသူမှ လတ်မှတ်ထိုးပြီးနို့တစ်စာပေးပို့ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ မှ အမြန်ဆုံးပြန်မဆပ်ပါက ဖမ်းဆီးမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။
“ကုန်ဈေးနူန်းတွေတက်၊ ဆီဈေးတွေကကြီး၊အထွက်နူန်းကျ နဲ့ ဘာမှ မကျန်လို့လဲမဆပ်နိုင်လို့ ပြောလဲအဖမ်းခံရဖို့ပဲရှိတယ်။ ရှိတဲ့လယ်လေးအသိမ်းလည်းခံရမယ် လူကိုလဲအရေးယူမယ်ဆိုတော့ ကြံဖန်ပြီးပေါင်နှံပြီးဆပ်ရတော့မှာပေါ့”ဟု ရေကြည်မြို့နယ်မှ လယ်သမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် ဇန်နဝါရီလအတွင်းစိုက်ဘဏ် ၏ညွန်ကြားချက်ဟုဆိုကာကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများမှ ချေးငွေကို အမြန်ဆုံးပြန်ဆပ်ရန် ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းနေကြောင်း ဒေသခံများကပြောသည်။
#ရေကြည်မြို့နယ် #စိုက်ဘဏ်ချေးငွေ #စစ်ကောင်စီ #နိုတစ်စာ #Ayeyarwaddy_Times