
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
မြန်မာစစ်ကောင်စီဟာ ဇန်နဝါရီလ ၂၉ ရက်က လာအိုနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို စေလွှတ်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက အာဆီယံ အစည်းအဝေးသို့ အကြီးတန်း တာဝန်ရှိသူတစ်ဉီး စေလွှတ်တာဟာ သေး ငယ်သောလုပ်ရပ်ဖြစ်ပေမယ့် အပြုသဘောဆောင်သောလက္ခဏာဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့အကျပ်အတည်း အဖြေရှာဖို့က ဝေးကွာဆဲဖြစ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံက ပြောပါတယ်။
“မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာ အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ အကောင်း မြင်ပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ပြဿနာတွေကို တစ်ညတာတည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ ဝန်ခံရပါ မယ်” လို့ လာအို နိုင်ငံခြားရေးဝန်ကြီး ဆာလွန်ဇေကွမ်မာဆစ်က တံခါးပိတ်အစည်းအဝေးအပြီးမှာ သတင်း ထောက်တွေကို ပြောပါတယ်။
ဆွေးနွေးမှုက ပွင့်လင်းပြီး အပြုသဘောဆာင်ကာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အားလုံးက ထိတွေ့ ဆက်ဆံမှုပြုလုပ်ရမယ်လို့ သဘောတူခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြော ပါတယ်။
“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေ၊ ပြည်သူတွေရဲ့ဘေးကင်းမှုနဲ့ စီးပွားရေး က ပိုဆိုးလာခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
“အရေးကြီးဆုံးအချက် ကျန်နေသေးပါတယ်။ သူတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုအပ်ပါတယ်။ သူတို့ အချင်းချင်း စကားပြောဆိုဖို့ လိုအပ်ပါတယ်။ အာဆီယံက အိမ်နီးချင်းအနေနဲ့ အခြေအနေကို ပိုဆိုးအောင်မ ဟုတ်ဘဲ အပြုသဘောဆောင်အောင် ကူညီဖို့ အသင့်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးတိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်အကုန်မှာ ပြည်သူ ၂ ဒသမ ၆ သန်းကျော် အိုးအိမ် စွန့်ခွာခဲ့ရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် လာအိုဝါရင့်သံတမန် အလွန်ကီယိုကစ်တီခွန်က အာ ဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; Asean ministers stay cautious despite Myanmar junta sending official to high-level meeting