ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေကို ဒရုန်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့လို့ တပ်ဖွဲ့ဝင် (၃) ဦး ကျဆုံး ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ အရှိန်မြှင့်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်စေပါတယ်။

ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်နိုင်ငံအရှေ့ပိုင်းရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတစ်ခုအပေါ် ဒ ရုန်းနဲ့တိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ပြီး (၂၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန် ဗဟို စစ်ဌာနချုပ်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက သတင်းအချက်အလက်တွေ စုဆောင်းဆဲဖြစ်ပြီး တိုက်ခိုက်မှုကို ဆီးရီးယားနဲ့အီရတ် ရှိ လူမျိုးရေးအစွန်းရောက် အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသော စစ်သွေးကြွအဖွဲ့တွေက ပြုလုပ်ခဲ့ တာလို့ သိရှိထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်နိုင်ငံက တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုဝါဒတိုက်ဖျက်ဖို့ ကတိကဝတ်ကို ဆက်လက်လုပ် ဆောင်မယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

အမေရိကန်နိုင်ငံက ဒရုန်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေ တာဝန်ခံရေး လုပ်ဆောင်သွားမယ်လို့ သူ က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်က အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား ပဋိပက္ခစတင်ပြီးနောက်ပိုင်း အ ရှေ့အလယ်ပိုင်းဒေသမှာ ရန်သူရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ကျဆုံးတာ ပထမဆုံးအကြိမ်ဖြစ် တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေး-ဟားမာစ်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေပြီး ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှု အ ကျပ်အတည်း ဆိုးရွားလာစဉ် ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေအပေါ် ဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေ ရှိလာ ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Drone attack on US forces in Jordan kills 3 service members

#Ayeyarwaddy_Times