ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေး ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက မြန် မာနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝမ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲမှုရရှိဖို့ ကျွန်တော်တို့ ဆန္ဒရှိပါ တယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်ဆန်မာမွတ်နဲ့ တွေ့ဆုံပြီးနောက် သူက သတင်း ထောက်တွေကို ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ စေ့စပ်ဖျန်ဖြေမှုနဲ့ အရင်က မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲ မှု ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“မြန်မာစစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (၃) ခု ရှိပါတယ်။ ရိုဟင်ဂျာတွေ နေရပ် ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်နိုင်ရေး ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” လို့ သူက ဆိုပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်လို့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား (၃) နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအပေါ် ယုံကြည်မှုရှိဖို့ သူက တောင်းဆိုလိုက်ပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးက ကျွန်တော်တို့ အလေးအနက်ထား ဆွေးနွေးခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ခက်ခဲတဲ့နေ့ရက်တွေ ရင်ဆိုင်နေရတာ နားလည်ပေမယ့် ကျွန်တော်တို့ ယုံကြည်မှုရှိဖို့ လို အပ်ပါတယ်” လို့ ယောင်ဝမ်က ပြောပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်မှာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံ သို့ ဖြစ်နိုင်သမျှစောပြီး ပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာက အစီအစဉ်တွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – BSS News
Ref; Beijing engaged with Myanmar on cease fire in Rakhine

#Ayeyarwaddy_Times