ဓာတ်ပုံ - PKPF

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်

အာဏာသိမ်းစစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ခံထားရသူ ၇၄ ဦးအနက် ကရင်နီပြည်နယ်က ၃ ဦး ပါဝင်နေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု – PKPF ရဲ့ စာရင်းတွေအရ သိရပါတယ်။

၎င်းတို့ ၃ ဦးမှာ မောင်ခုံး၊ မောင်ငြိမ်းနှင့် ဂျိုးစက်တို့ဖြစ်ကြပြီး ပြီးခဲ့နှစ် မတ်လအတွင်းက ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဝါရီတောင်ခြေရွာတွင် စစ်တပ်အရာရှိ (၂)ဦးနဲ့ တပ်ကြပ် (၂)ဦးသတ်ဖြတ်မှုကြောင့် စွပ်စွဲခံရသူတွေဖြစ်တယ်လို့ PKPF က ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်သား ၃ ဦး သေဒဏ်ကျခံနေရတဲ့အပေါ် ကရင်နီပြည်နယ်သားတွေကလည်း ယခုလိုတုန့်ပြန်ပြောဆိုထားပါတယ်။

” မောင်ခုန်းက စွပ်စွဲခံရပြီး ရှောင်လွဲဖို့ထွက်ပြေးနေစဉ် KNG (ခ) ပျူစောထီးအဖွဲ့မှ ဖမ်းချုပ်ထားကာ ပြေလည်အောင် ၄၂၂ မှာ သွားဆွေးနွေးမည်။ ဘာမှမဖြစ်စေရဘူး လိမ်လည်ပြီးပြောဆိုပြီး မောင်ခုန်းမှ လက်မခံနိုင်ကြောင်း မသွားနိုင်ကြောင်း ငြင်းသော်လည်းပဲ KNG အဖွဲ့မှ မရမက ဆွဲခေါ်သွားခဲ့တယ်။ မောင်ခုန်းက မသွားချင်ဘူး ငါလွတ်တဲ့နေရာသွားမယ်ပြောပြီး ငိုယိုခဲ့ပေမယ့် KNG အဖွဲ့မှ သွားမှရမယ်ဆိုပြီး ဖမ်းဆီးကာ ၄၂၂ ထံ သွားရောက်ပို့ဆောင်ခဲ့ပါသည်။ ယနေ့တော့ သူက သေဒဏ်စာရင်းထဲဖြစ်နေပြီလ။ မောင်ခုန်းသည် KNG အဖွဲ့၀င်တစ်ဦးဖြစ်ခဲ့ပါသည်။ သူက ပြည်သူ့ဘက်တော်သားပါပဲ…သူက သစ္စာဖောက်တာမဟုတ် သူ့အဖွဲ့က သူ့ကို သစ္စာဖောက်ခဲ့လို့ အခုလို မတရားတဲ့ ပြစ်ဒဏ်ခံစားနေရတာပါ”

တိုးတက်သောကရင်နီပြည်သူ့အင်အားစု – PKPF
သတင်းနှင့်ပြန်ကြားရေးဗျူရို

” မတရားဖမ်းထားတဲ့အပြင် ပြစ်ဒဏ်ကိုလည်း အဓမ္မသေဒဏ်ပေးလိုက်တာဟာ အတော်အကျည်းတန်လွန်းတဲ့ဖြစ်ရပ်ပဲ။ မခံမရပ်ဖြစ်တာရော ဝမ်းနည်းကြေကွဲရလွန်းတော့ ဘယ်စကားလုံးနဲ့မှ ယှဥ်မပြောတတ်တော့ပါ”

ဖယ်ခုံမြို့ခံ အမျိုးသမီးတစ်ဦး

” နိုင်ငံရေးသမားတွေကို သေဒဏ်ချမှတ်တာကတော့ နိုင်ငံတကာက လက်မခံသလို ကမ္ဘာကြီးကလဲ လက်မခံပါဘူး။ လူ့အခွင့်အရေး နဲ့ပြောမယ်ဆိုလူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတာ ကျူးလွန်ခဲ့ရင်တောင်မှ သေဒဏ်ထိ ပေးဖို့မလိုပါဘူး။ အရင်က ဒီထက်ဆိုးဝါးတဲ့ဖြစ်စဥ်တွေတောင်မှ သေဒဏ်တောင်မပေးဘူးလေ။ နိုင်ငံတော်ပုန်ကန်တဲ့ ဦးနေဝင်း မြေးတွေကို
သူတို့စစ်တပ်ဖက်က ကျူးလွန်ရင် ပြစ်ဒဏ်လောက်ပဲချပြီးတော့ အရပ်ဖက်ကျူးလွန်ရင် သူတို့လူမဟုတ်ရင် ရက်ရက်စက်စက်သတ်ဖြတ်ကြတာ။ ဒါကြောင့် အခု အပြန်အလှန် လူသတ်ပွဲကြီးကိုဖြစ်လို့။ အားလုံးက မြန်မာနိုင်ငံသားတွေပါ။ ဒီစစ်ခွေးတွေကြောင့် အခုလို ဖြစ်လာတာ”

ဒီးမော့ဆိုမြို့ခံ အမျိုးသားတစ်ဦး

” တရားမျှတမှုမရှိဘူး။ လူ့ဂုဏ်သိက္ခာကိုမလေးစားဘူး။ စစ်ခွေးတွေကအဲ့သေဒဏ်ချမှတ်တဲ့ အပေါ် ခိုင်လုံသော သက်သေအထောက်အထားမရှိဘူး။ တရားမျှတ မှုမရှိဘူး။လူ့ဂုဏ်သိက္ခာကိုအလေးမထား၊ ပြန်လည်ချေပ ပိုင်ခွင့်မရှိ။ အသက်ရှင်သန်ခွင့်၊ အခွင့်အရေးတွေကို စစ်ကောင်စီက ချိုးဖောက်နေတာ။ မုဒိန်းမှုတို့ မူးယစ်မှုတို့ကိုကြတော့ ငွေပေးရင် ကြေအေးတဲ့ဓလေ့ဖြစ်သွားကြတယ်။ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် ရပ်တည်ပေးသော ပုဂ္ဂိုလ်တွေအတွက်ကလူ့ အဝီစိ ငရဲအတင်းတွန်းပို့ထားခံရတယ်။ သေဒဏ်သင့်သူတွေက မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေပါ။ UN တွေ အာစီယံတွေကလည်း အပြောပဲရှိ လက်တွေ့က အခုထိအကောင်အထည်မှုက မရှိသေးဘူး”

လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦး