ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားလေးဦး ကြိုးပေးကွက်မျက်မှု ကိုကန့်ကွက်ဖို့ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
မြန်မာစစ်ကောင်စီကကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်း တစ်ဖက်သတ် ထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေး နွေးမှုလုပ်ငန်းစဉ်တစ်ခု လုပ်ဆောင်ဖို့ မြန်မာသံအမတ်ကို တိုက်တွန်းခဲ့ပါတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့တဲ့ ကြိုးပေးကွက်မျက်မှုက မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း ပ ထမဆုံးအကြိမ် ကွက်မျက်မှုဖြစ်ပြီး အလားတူပြစ်ဒဏ်မျိုး ထပ်မံရှိလာမည်ကို စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် အထီးကျန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြင်းထန်တဲ့ နိုင်ငံတကာအရေးယူမှုတွေ လုပ် ဆောင်ဖို့ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။
စစ်ကောင်စီက ကြိုးပေးကွက်မျက်ခဲ့သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက လွှတ်တော် အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ ထင်ရှားကျော်ကြားတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုဂျင်မီလည်း ပါဝင်ပါတယ်။
မြန်မာစစ်ကောင်စီက သေမိန့်ပြစ်ဒဏ် ပြန်လည်ကျင့်သုံးတာနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ် ချမှုကို တုံ့ပြန်ခဲ့ပြီး ကြိုးပေးကွက်မျက်ခဲ့တဲ့ အကျဉ်းသားလေးဦးဟာ သေဒဏ်အကြိမ်ကြိမ်ကျသင့်သူတွေဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; Myanmar ambassador to Paris summoned over executions