ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသုံးကုန်တွေဈေးမြင့်တက်လာမှုနဲ့အတူ တုတ်ကွေး ရာသီတွင် အခြေခံလူတန်းစားတွေအသုံးပြုရတဲ့ အိမ်သုံးဈေးတွေ မြင့်တာလာတာကြောင့် ဝယ်ယူသုံးစွဲဖို့ အခက်အခက် တွေရှိနေတယ်လို့ သိရပါတယ်။
ရာသီတုတ်ကွေးနဲ့ သွေးလွန်တုတ်ကွေးအဖြစ်များတဲ့အချိန်မှာ အိမ်သုံးဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေဈေး ၂ ဆနီးပါးမြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ကျန်းမာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရ တယ်လို့ ဧရာဝတီတိုင်းထဲက ဒေသခံပြည်သူအများစုက ပြောပါတယ်။
“ ကိုဗစ်ကာလမှာ ဈေးအကုန်တက်တယ် အဲ့ကာလမှာမြင်သာတာက ဆေးဝါးတွေပါ ဈေးအဆမတန်တက် တာ ကြားမှာငြိမ်သွားတယ် ခုရက်ပိုင်းဆေးဈေးတွေပြန်တက်လာတာ အခြေခံလက်လုပ်လက်စားသမားတွေ အတွက်တော့ ပိုသိသာတယ်”လို့ ကျောင်းကုန်းမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အခြေခံကုန်ဈေးနှုန်းတွေမြင့်တက်လာချိန်နဲ့ တုတ်ကွေးရာသီမှာ ဆေးဝါးတွေပါ ဈေးမြင့်တာလာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ဆေးရုံဆေးခန်းပြဖို့ ငွေမရှိချိန်မှာ ဆေးဝယ်ဖို့ပါ အခက်အခဲတွေဖြစ်တာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာခဲ့သလို ကိုဗစ် ကာလမှာလည်း ဆေးတွေဈေးမြင့်တက်ခဲ့ပြီး တုတ်ကွေးရာသီမှာ ဆေးတွေဈေးထပ်မံမြင့်တက်လာတာလို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။