မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ သို့ တပ်ချိန်းရန်လာသည့် စစ်ရဟတ်ယာဉ် ကို ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ရာ ရဟတ် ယာဥ်ပျက်ကျသွားကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၂ နာရီကျော်ခန့်တွင် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင် စီ၏ ခမရ ၃၅၅ သို့ တပ်ချိန်းရန်ရောက်ရှိလာသည့် စစ်ရဟတ်ယာဉ်နှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ဖြစ် သည့် ကော်ဘရာတပ်ဖွဲ့နှင့်တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ပစ်ချတိုက်ခိုက်ခဲ့ရာ တစ်စီးထိမှန်ပျက်ကျသွားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသရှိ သတင်းရင်း မြစ်တစ်ဦးက အတည်ပြုသည်။

“ သတင်းမှန်ပါတယ်ဗျ။ ကော်ဘရာက ပွဲကတာပါ” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါပျက်ကျသည့် စစ်ရဟတ်ယာဉ်တွင် တပ်ချိန်းရန်အတွက်ရောက်ရှိလာသည့် တပ်မ ၄၄ မှ တပ်မ မှူးချုပ်အေးမင်းနောင်အပါအ၀င် အရာရှိများအဖွဲ့လိုက်ပါလာကြောင်း သိရပြီး လိုက်ပါလာသည့် တပ်မမှူးနှင့် အရာရှိ ၅ ဦး သေဆုံးကြောင်း ဧရာဝတီတိုင်းမ်က ကနဦး သိရသည်။

တပ်မမှူးအပါအဝင် ငါး ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြီး သေဆုံးခဲ့သည့် တပ်မမှူးသည် မကြာသေးခင် ရက်ပိုင်းအတွင်းက တပ်မမှူးအဖြစ် ခန့်ထားခံရသူဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ဆင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-KIC
#ကရင်ပြည်နယ် #မြ၀တီ #သင်္ဃန်းညီနောင် #စစ်ရဟတ်ယာဉ်ပစ်ချခံရ #ကော်ဘရာစစ်ကြောင်း #တပ်မ၄၄တပ်မမှူးသေဆုံး #Ayeyarwaddy_Times