ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

စာရေးဆရာမ အီးဂျင်းကာရိုးလ်ကို အသရေဖျက်မှုကြောင့် ထိခိုက်နစ်နာမှုအတွက် ဒေါ်လာ ၈၃ ဒသမ ၃ သန်း လျော်ကြေးပေးဖို့ နယူးယောက်မြို့တော်ရှိ တရားသူကြီးအဖွဲ့က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထ ရမ့်ကို အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

မန်ဟတ်တန်ရှိ ဖက်ဒရယ်တရားရုံးမှ တရားသူကြီးတွေက သောကြာနေ့မှာ ဒေါ်နယ်လ်ထရမ့်ကို စီရင် ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်နယ်လ်ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန် ၂၀၁၉ ခုနှစ်မှာ ကာရိုးလ်က ကိုယ်တွေ့ဘ ဝမှတ်တမ်းတစ်ခု ထုတ်ဝေခဲ့ပြီး ယင်းစာအုပ်ထဲမှာ ဒေါ်နယ်လ်ထရမ့်က ၁၉၉၀ ခုနှစ်တွေအတွင်း စတိုးဆိုင်တစ်ခု က အဝတ်လဲခန်းတစ်ခုမှာ သူ့ကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ကာရိုးလ်က လိမ်လည်နေပြီး စာအုပ်ရောင်းကောင်းအောင် စွပ်စွဲမှုပြုလုပ်ခဲ့တာလို့ ဒေါ်နယ်လ်ထရမ့်က ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်း တရားစီရင်စစ်ဆေးမှုတစ်ခုမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ အသရေဖျက် မှုအတွက် ထိခိုက်နစ်နာမှုတွေကြောင့် ကာရိုးလ်ကို ဒေါ်လာ (၅) သန်း လျော်ကြေးပေးဖို့ ဒေါ်နယ်လ်ထရမ့်ကို အ မိန့်ချမှတ်ခဲ့ပါတယ်။

ထိုအချိန်က ကာရိုးလ်ရဲ့ ဉပဒေအဖွဲ့က ဒေါ်နယ်လ်ထရမ့်ထံမှ ဒေါ်လာ (၂၄) သန်းထက်မနည်း လျော် ကြေးရဖို့ ကြိုးပမ်းခဲ့တာပါ။

ဒေါ်နယ်လ်ထရမ့်က တရားသူကြီးတွေရဲ့ သောကြာနေ့ စီရင်ချက်ကို လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ဝေဖန်ခဲ့ ပြီး ‘လုံးဝအဓိပ္ပာယ်မရှိ” ဘူးလို့ဆိုကာ စီရင်ချက်နှစ်ခုစလုံးကို ငြင်းဆန်ခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က သူနဲ့ ရီဗက်ပလီကင်ပါတီကို အခုလိုလုပ်ဖို့ ညွှန်ကြားခဲ့တာလို့ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒေါ်နယ်လ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲပြိုင်ဖို့ မဲဆွယ်စည်းရုံးမှုပြုလုပ်နေပေမယ့် ရာဇဝတ်မှုလေးခုအ ပြင် တရားမမှုလည်း ရင်ဆိုင်နေရပါတယ်။

ကိုးကား – NHK
Ref; Trump ordered to pay $83.3 million in damages in defamation case

#Ayeyarwaddy_Times