
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
တရုတ်စစ်လေယာဉ် အစင်း (၃၀) ကျော်အပြင် စစ်သင်္ဘောတွေကို ထိုင်ဝမ်ဘက်သို့ စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာခဲ့ပါတယ်။
သောကြာနေ့ မနက် ၆ နာရီမှ စနေနေ့ မနက် ၆ နာရီအထိ တရုတ်စစ်တပ်က စစ်လေယာဉ် (၃၃) စင်း စေလွှတ်ခဲ့ပြီး Su-30 ဂျက်တိုက်လေယာဉ်တွေလည်း ပါဝင်တယ်လို့ ထိုင်ဝမ် တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်စစ်သင်္ဘော (၆) စင်း ထိုင်ဝမ်ဘက်သို့ ဉီးတည်ခဲ့ပြီး တရုတ်စစ်လေယာဉ် (၁၃) စင်း ထိုင်ဝမ်ရေ လက်ကြား ကြားခံမျဉ်းကို ဖြတ်ကျော်ခဲ့ကာ ထိုင်ဝမ် တာဝန်ရှိသူတွေက အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော်မှာ တွေ့ဆုံပြီးနောက် တရုတ်စစ်တပ်က စစ်လေယာဉ်တွေနဲ့သင်္ဘောတွေ စေ လွှတ်ခဲ့တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ကြား ထိပ်သီးဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲအဖြစ် ဗန်ကောက်မြို့တော်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်” လို့ ဆူ လေဗန်က ဝမ်ယိနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက် X မှာ တင်ခဲ့ပါတယ်။
ဆူလေဗန်နဲ့ဝမ်ယိတို့က မဟာဗျူဟာမြောက် ဆက်ဆံရေး ထိန်းသိမ်းဖို့ ဆက်လက်ပြီး ကတိကဝတ်ပြုခဲ့ တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်ဝပ်ဆင်က ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် အမေရိကန်စစ်သင်္ဘော ဖြတ်သန်းမောင်းနှင်မှုကို တရုတ်အစိုးရက ကြာ သပတေးနေ့မှာ ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံရဲ့တံခါးဝမှာ ဒုက္ခရောက်အောင် ရန်စမှုတွေ အမေရိကန်နိုင်ငံက ပြုလုပ် နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ကိုးကား – AP
Ref; China sends several warplanes, navy ships toward Taiwan after US-China talks