
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်း သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ် စခန်းကုန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ ဦးဆောင်ကာ လှည့်လည် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့သည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လှည့်လည် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သိမ်းပိုက်ရရှိခဲ့သည် စခန်းကုန်းများ၊ မြို့ရွာများနှင့် စစ်လက်နက်ပစ္စည်းများကို စစ်ဆေးခဲ့သည့်အပြင်
ဖမ်းဆည်းရမိသည့် စစ်သုံ့ပန်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုံထားသူများနှင့်လည်း တွေ့ဆုံခဲ့ကြသည်။
ထို့ပြင် စစ်ကောင်စီထံက သိမ်းပိုက်ရရှိထားသည့် စစ်လက်နက်ပစ္စည်းများကိုလည်း ပြည်သူ့တော်လှန်ရေးရဲဘော်များအား တပ်ဆင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-Ministry of Defence National Unity Government
#Ayeyarwaddy_Times