
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
တူရကီအစိုးရက ဒီသီတင်းပတ်အတွင်း ဆွီဒင်ကို နေတိုးအဖွဲ့သို့ဝင်ရောက်ဖို့ ထောက်ခံပြီးနောက် F-16 ဂျက်တိုက်လေယာဉ်တွေ တူရကီသို့ရောင်းချဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။
တူရကီသို့ ဒေါ်လာ (၂၃) ဘီလီယံတန်ကြေးရှိ F-16 ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့နဲ့ ဂရိသို့ ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံတန်ကြေးရှိ F-35 ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီလ ၂၆ ရက်မှာ ကွန်ဂရက်သို့ အကြောင်းကြားခဲ့ပါတယ်။
တူရကီသို့ ဂျက်တိုက်လေယာဉ်တွေ ရောင်းချရာမှာ F-16 ဂျက်တိုက်လေယာဉ်သစ် အစင်း (၄၀) ရောင်းချ ဖို့ နဲ့ ရှိယင်းစွဲ F-16 (၇၉) စင်းကို အဆင့်မြှင့်တင်ဖို့ ပါရှိပါတယ်။
ဂရိနိုင်ငံသို့ စစ်လက်နက်ရောင်းချမယ့်အစီအစဉ်မှာ F-35 Lightning II Joint Strike ဂျက်တိုက်လေ ယာဉ် အစင်း (၄၀) နဲ့ ဆက်စပ်ကိရိယာတွေရောင်းချဖို့ ပါရှိပါတယ်။
နေတိုးအဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ တူရကီနိုင်ငံဟာ သူ့ရဲ့ F-16 ဂျက်တိုက်လေယာဉ်အုပ်ကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပြီး လေယာဉ်သစ်တွေ ရောင်းချမှုကို အမေရိကန်နိုင်ငံက အတည်ပြုပေးဖို့ ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ သို့ဝင်ရောက်မှုကို ထောက်ခံခဲ့တာဖြစ်ပါတယ်။
ဆွီဒင်က တူရကီနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိတာကြောင့် တူရကီက ဆွီဒင် နိုင်ငံရဲ့ နေတိုးအဖွဲ့သို့ဝင်ရောက်မှုကို အတည်ပြုဖို့ တစ်နှစ်ကျော်ကြာ ကြန့်ကြာခဲ့ပါတယ်။
ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ပြီးနောက် နောဒစ်တိုင်းပြည်တွေက စစ် ရေးအရ ကြားနေစနစ်ကျင့်သုံးမှုကို စွန့်လွှတ်ခဲ့ပြီး အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ဆွီဒင်နဲ့ဖင်လန်တို့ရဲ့ နေတိုးအဖွဲ့သို့ဝင်ရောက်ရေးကို လက်ခံခဲ့ပါတယ်။
ကိုးကား – ABC News
Ref; US approves F-16 fighter jet sale to Turkey, F-35s to Greece after Turkey OKs Sweden’s entry to NATO