
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
ဗုဒ္ဓဟူးနေ့က ယူကရိန်းနယ်စပ်အနီး ပျက်ကျခဲ့တဲ့ ရုရှားစစ်ဘက်လေယာဉ်တစ်စင်းကို ယူကရိန်းစစ်တပ် က ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ ပစ်ချခဲ့တာလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ရုရှားသုံ့ပန်းတွေနဲ့ အကျဉ်းသားချင်းလဲလှယ်မယ့် ယူကရိန်းစစ်သား (၆၅) ဉီး အပါအဝင် လေယာဉ်ပေါ်ပါ သူ (၇၄) ဉီးစလုံး သေဆုံးခဲ့တဲ့ ဘယ်လ်ဂိုရော့ဒေသမှာ Illyushin Il-76 လေယာဉ်ကို ယူကရိန်းက ပစ်ချခဲ့တာလို့ ရုရှားက စွပ်စွဲပါတယ်။
လေယာဉ်ကို ပစ်ချခဲ့ခြင်းရှိ မရှိ ယူကရိန်းနိုင်ငံက အတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ဘူး လို့ သိရပါတယ်။
“ယူကရိန်းက ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ လေယာဉ်ကို ပစ်ချခဲ့လားဆိုတာ ကျွန်တော် မသိ ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါဟာ ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်” လို့ ပူတင်က ရုပ်သံမှတ်ချက်တစ်ခုမှာ ပြောပါတယ်။
ဘယ်လ်ဂိုရော့ဒေသမှာ ယူကရိန်းသုံ့ပန်းတွေ တင်ဆောင်လာတဲ့ ရုရှားလေယာဉ်တစ်စင်း ပျံသန်းလိမ့် မယ်ဆိုတာကို ယူကရိန်းကို ကြိုတင် အကြောင်းကြားခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ပြောကြားချက်ကို ယူကရိန်းက ငြင်း ဆန်ခဲ့ပါတယ်။
ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ကိုယ့်လေယာဉ်ကို ပစ်ချလောက်အောင် မညံ့ဖျင်းတာ ကြောင့် အဆိုပါလေယာဉ်ကို ရုရှားက ပစ်ချတာ မဟုတ်နိုင်ဘူးလို့ ပူတင်က ဆိုပါတယ်။
လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ခတ်မှုကို အမေရိကန် သို့မဟုတ် ပြင်သစ်တို့က အများဆုံး ပြုလုပ်ခဲ့ဖွယ်ရှိ ကြောင်း ပူတင်က စွပ်စွဲပါသေးတယ်။
ကိုးကား – Reuters
Ref; Putin says Ukraine shot down plane, not clear if deliberately or in error