ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

နိုင်ငံတော်အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံတည်ငြိမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းဝေးသည် တပ်မတော်သည် ပြင်ပရန်ကို ကာကွယ်ရန်သာ အဓိက တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံးအစည်းဝေးခန်းတွင် ပြုလုပ်သည့် အစည်းဝေးတွင် ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တပ်မတော်သည် အဓိကအားဖြင့် ပြည်ပရန်ကို ကာကွယ်ရန်တာဝန်ရှိသည်ဖြစ်သော်လည်း နိုင်ငံတော်၏ သမိုင်းကြောင်းနောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေရပါတယ်”ဟု စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒါ့ပြင် စစ်ခေါင်းဆောင်က မိမိတို့အနေနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိအောင် ဆောင်ရွက်နေကြောင်းလည်း တက်ရောက်လာသည့် ပြည်ထောင်စုအဆင့် ဝန်ကြီးများအား ရှင်းပြခဲ့သေးသည်။

နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ပြည်သူအားလုံးအခြေအနေမှန် သိရှိနိုင်အောင် ဆောင်ရွက်ဖို့လိုအပ်ကြောင်း နိဂုံးချုပ်စကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

သို့သော် စစ်ခေါင်းဆောင်အနေဖြင့် ၁၀၂၇ စစ်ရေးကြောင့် အသိမ်းခံထားရသည့် စစ်ကောင်စီတပ်စခန်းများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မြို့နယ်များအသိမ်းခံရသည့် အခြေများကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။

#တပ်မတော် #အဓိကတာဝန် #ပြည်ပရန်ကာကွယ်ဖို့သာဖြစ် #စစ်ခေါင်းဆောင်ပြော
#Ayeyarwaddy_Times