ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

ဆွစ်ဇာလန်နိုင်ငံမှာပြုလုပ်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာပါဝင်ဖို့ တ ရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယူကရိန်းက ဖိတ်ကြားခဲ့တယ်လို့ သမ္မတ ဇီလန်စကီးရဲ့ သံတမန်ရေးရာအကြံပေးတစ် ဉီးက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ရုရှားနဲ့ နီးကပ်သောဆက်ဆံရေးရှိပြီး ယူကရိန်းကျူးကျော်စစ်ကို ဝေဖန်မှုမပြုလုပ်ခဲ့ပေ မယ့် တိုင်းပြည်အားလုံးရဲ့ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို လေးစားသမှုထားရမယ်လို့ ပြော ကြားခဲ့ကာ ယူကရိန်းပဋိပက္ခမှာ ကြားဝင်ဖျန်ဖြေဖို့ ကမ်းလှမ်းခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ သမ္မတအဆင့်က ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်တက် ရောက်ဖို့ ကျွန်တော်တို့ တရုတ်နိုင်ငံကို သေချာပေါက် ဖိတ်ကြားပါတယ်” လို့ သမ္မတ ဇီလန်စကီးရဲ့ သံတမန်ရေး ရာအကြံပေး အိုင်ဟော်ဇိုဗာက အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ပါဝင်မှုက ကျွန်တော်တို့အတွက် အလွန်ကို အရေးကြီးပါလိမ့်မယ်။ ကျွန်တော်တို့ တရုတ် နိုင်ငံနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲမှာ ရုရှားနိုင်ငံ ပါဝင်မှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

ရုရှားက ယူကရိန်းကို မကျူးကျော်မီ ၃ ပတ်အလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူ တင်တို့က ပေကျင်းမြို့တော်မှာ အကန့်အသတ်မရှိသော မိတ်ဖက်ဆက်ဆံရေးထူထောင်ကြောင်း ကြေညာခဲ့ပါ တယ်။ ထို့နောက်ပိုင်း တရုတ်နိုင်ငံက ရုရှားထံမှ စွမ်းအင်တင်သွင်းမှုတွေ သိသိသာသာ တိုးမြှင့်ခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ်ဟာ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပူတင်က ပြောပေမယ့် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက နယ်မြေသိမ်းပိုက်မှုလို့ ပြောပါတယ်။

ကြားနေဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံက သမ္မတ ဇီလန်စကီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ယူကရိန်းနိုင်ငံဆိုင် ရာ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပဖို့ သဘောတူခဲ့ပေမယ့် ကျင်းပမယ့်ရက်နဲ့နေရာကို မသတ်မှတ် ရသေးပါဘူး။

ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီအာရေးဘီးယားနိုင်ငံမှာကျင်းပတဲ့ ယူကရိန်းအရေး အစည်းအဝေးမှာ တရုတ် နိုင်ငံမှ ကိုယ်စားလှယ်တစ်ဉီး တက်ရောက်ခဲ့ပြီး ရှီကျင့်ဖျင်နဲ့ ဇီလန်စကီးတို့က ဖုန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲဖို့ ကြေညာပေမယ့် သိမ်းပိုက်ထားတဲ့နယ်မြေတွေက ရုရှားက ဆုတ်ခွာဖို့ မပါဝင်တဲ့ ယူ ကရိန်းနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အချက် ၁၂ ချက်ပါ အစီအစဉ်ကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့နှစ်အတွင်း အဆိုပြုခဲ့ပါ တယ်။

ကိုးကား – Reuters
Ref; Ukraine invites China’s Xi to ‘peace summit’: Zelensky’s top adviser

#Ayeyarwaddy_Times