
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
နိုင်ငံတော်အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် အစည်းဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင်ပြုလုပ်သည့် အစည်းဝေးတွင် ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးအရ ကြည့်မည်ဆိုပါက မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေးတာ တွေ့ရပါတယ်”ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်က စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးတို့အား နိုင်ငံရေး မျှော်မှန်ချက် ၂ ရပ်ကို ချမှတ်ထားကြောင်းလည်း ပြောဆိုခဲ့သည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသအပါဝင် စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ်စခန်းတွေ အမြောက်အများဆုံးရှုံးကာ မြို့နယ်တွေစွန်လွှတ်ခဲ့ရသည့်အပေါ် စစ်ခေါင်းဆောင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်များရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုနေကြောင်း ထည့်သွင်းပြောဆိုသွားသည်။
#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာသိမ်း #ဒီမိုကရေစီလမ်းကြောင်း #လျှောက်လှမ်း #ပြောဆို #Ayeyarwaddy_Times