
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်
ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းသို့ Sea King Mk41 စစ်ဘက်ရဟတ်ယာဉ် (၆) စင်း ထောက်ပံ့မယ်လို့ ဂျာမနီအစိုးရက ကြေညာလိုက်ပါတယ်။
ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ရမ်စတိန်းဆက်သွယ်ရေးအဖွဲ့ရဲ့ (၁၈) ကြိမ်မြောက် အစည်းအဝေးမှာ ဂျာမ နီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်က အခုလို ကြေညာခဲ့တာပါ။
လာမယ့်လတွေအတွင်း ဘက်စုံသုံး Sea King Mk41 စစ်ဘက်ရဟတ်ယာဉ် (၆) စင်းကို ယူကရိန်းစစ်တပ် ထံ လွှဲပြောင်းပေးမယ်လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ဂျာမနီက ယူကရိန်းသို့ စစ်ဘက်ရဟတ်ယာဉ်တွေ ပေးပို့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံက ယူကရိန်းသို့ ရဟတ်ယာဉ်ဆိုင်ရာ အပိုအစိတ်အပိုင်းတွေ ပေးပို့မှာဖြစ်တဲ့အပြင် ယူကရိန်း ရဟတ်ယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ်လို့ သိရပါတယ်။
၁၉၇၀ ပြည့်နှစ်တွေမှာ စတင်ပြီး အသုံးပြုခဲ့တဲ့ Sea King Mk41 စစ်ဘက်ရဟတ်ယာဉ်တွေကို ဂျာမနီရေ တပ်မှာ အဓိက အသုံးပြုပြီး တပ်ဖွဲ့တွေ၊ ကုန်စည်တွေ သယ်ယူပို့ဆောင်ဖို့နဲ့ ပင်လယ်ပြင်မှာ ကယ်ဆယ်ရေးမစ်ရှင် တွေ ဆောင်ရွက်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
မိုင် (၉၃၀) အကွာအဝေးအထိ မောင်းနှင်နိုင်တဲ့ အဆိုပါရဟတ်ယာဉ်တွေကို ရာသီဉတုမရွေး အသုံးပြုနိုင် ပြီး အကြီးစား စက်သေနတ်တွေနဲ့ တိုက်ခိုက်မှုပြုလုပ်နိုင်ပါတယ်။
Sea King Mk41 စစ်ဘက်ရဟတ်ယာဉ်တွေက ယူကရိန်းတပ်ဖွဲ့တွေရဲ့ ကင်းထောက်လှမ်းမှုနဲ့ သယ်ယူပို့ ဆောင်ရေးစွမ်းရည်တွေကို မြှင့်တင်ပေးဖို့ မျှော်မှန်းရပါတယ်။
ဂျာမနီနိုင်ငံဟာ အမေရိကန်၊ ဗြိတိန်တို့နဲ့အတူ ယူကရိန်းသို့ စစ်လက်နက်တွေ၊ စစ်ဘက်ကိရိယာတွေ အ ဓိက ပံ့ပိုးပေးတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း စစ်ဘေးသင့် ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာ ဂျာမနီနိုင်ငံဟာ ယူကရိန်းစစ်တပ်သို့ Gepard လေယာဉ်ပစ်လက်နက် (၃) လက်၊ ထောင်နဲ့ချီတဲ့ လက်နက်ကြီးကျည်တွေ လှူဒါန်းခဲ့ပါတယ်။
ဂျာမနီနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းသို့ပေးအပ်နေတဲ့ စစ်ရေးအကူအညီကို ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ဖို့ ကတိပြုခဲ့ပါတယ်။
ကိုးကား – The Defense Post
Ref; Germany to Send Military Helicopters to Ukraine for First Time