
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည့် ရုံးဖွင့်ရက်ကုန်ဆုံးတော့မည့် သောကြာနေ့ ရောက်လျှင် အပတ်စဉ်တိုင်း ဈေးနှုန်း မြင့်တက်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီ ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်မှ ၂၆ ရက်အတွင်း အောက်တိန်း ၉၂ တစ်လီတာ ၁၂၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၀ ကျပ် နှင့် ဒီဇယ်တစ်လီတာ ၂၀ ကျပ် မြင့်တက်သွားခြင်းဖြစ်သည်။
ယနေ့ဇန်နဝါရီ ၂၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၇၀၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၈၄၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၃၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၅၁၅ ကျပ်အထိရှိလာပြီး စက်သုံးဆီ တစ်လီတာလျှင် ကျပ်သုံးထောင်(၃,၀၀၀) နီးပါး ရောက်ရှိလာပြီ ဖြစ်သည်။
“ ဆီဈေးတက်တော့ ကိုယ့်အတွက်မကျန်ဘူး။ ကားငှားခက အရင်ဆီတုန်းကလည်း ဒီဈေးပဲ။ အခုဆီဈေးတက်တော့လည်း ဒီဈေးပဲ။ နည်းနည်းလေးပိုတောင်းရင် ငှားစီးမဲ့သူ မရှိတော့ဘူး။ လိုက်နိုင်ရင်လိုက်ပေါ့ ဒီလိုပဲရှိတယ်။ ကားပြင်စရိတ်ကြီးတော့ ပစ္စည်းတွေ ဝယ်မရတာနဲ့ အခုအုံနာခတွေလည်း ဈေးတက်လာပြီ” ဟု ရန်ကုန်မြို့တွင်း တက္ကစီ မောင်းနှင် သူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
လက်ရှိတွင် ပို့ကုန်ရရှိငွေများကို စက်သုံးဆီဝယ်ယူရာတွင်သုံးစွဲနေပြီး စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း သတ်မှတ်ပေးခြင်းမရှိချိန်မှစတင်ကာ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းသည် တဖြည်းဖြည်းမြင့်တက်လာသည့်အပြင် နေ့စဉ်လုံလောက်စွာမရရှိကြောင်း မော်တော်ယာဉ်မောင်းများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ စက်သုံးဆီအမျိုးအစား လေးမျိုးအနက် စက်သုံးဆီ တစ်မျိုးမျိုးသည် ညနေပိုင်းတွင် အမြဲပြတ်လပ်လေ့ရှိကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်
#သောကြာအပတ်တိုင်း #စက်သုံးဆီဈေးတက် #Ayeyarwaddy_Times