
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ရုရှား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ဘယ်လ်ဂိုရော့ဒ်နယ်စပ်ဒေသမှာ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ (၇၄) ဦးစလုံး သေဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Ilyushin I1-76 လေယာဉ်ပေါ်မှာ အကျဉ်းသားချင်းဖလှယ်မယ့် ယူကရိန်းသုံ့ပန်း (၆၅) ဉီး၊ လေယာဉ်အမှု ထမ်း (၆) ဦးနဲ့ အခြား (၃) ဦး ပါရှိခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
လေယာဉ်ပေါ်ပါသူ (၇၄) စလုံး သေဆုံးခဲ့တယ်လို့ ဘယ်လ်ဂိုရော့ဒ်ပြည်နယ်အုပ်ချုပ်ရေးမှူး ယာချေစ လတ်ဗ်ဂလတ်ကော့ဗ်က ပြောပါတယ်။
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့က အဆိုပါလေယာဉ်ကို ပစ်ချခဲ့တာလို့ Ukrainskaya Pravda သတင်းစာ က ကနဦးမှာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ သတင်းကို ရုတ်သိမ်းခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေထဲမှာ ရုရှား စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ပျက် ကျကာ ပေါက်ကွဲသွားခဲ့တာကို ဖော်ပြပါတယ်။ ဆိုဗီယက်ပြည်ထောင်စုခေတ်ထုတ် Ilyushin I1-76 လေယာဉ်ဟာ တပ်ဖွဲ့တွေ၊ ကုန်စည်တွေ၊ စစ်ဘက်ကိရိယာတွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ဖို့ ထုတ်လုပ်ထားတာပါ။
ယူကရိန်းက အဆိုပါလေယာဉ်ကို တမင်တကာ ပစ်ချခဲ့တာလို့ ရုရှား တာဝန်ရှိသူတွေက စွပ်စွဲခဲ့ပါတယ်။ ယူကရိန်းက လေယာဉ်ကို ပစ်ချခဲ့တာလို့ ဒူးမားလွှတ်တော်ဉက္ကဌ ဗာခေစလတ်ဗ်ဗိုလိုဒင်က ပြောကြားခဲ့ပြီး အ နောက်နိုင်ငံတွေရဲ့ ဒုံးကျည်တွေကို အပြစ်ဖို့ချခဲ့ပါတယ်။
လေယာဉ်ကို ဒုံးကျည် (၃) စင်းနဲ့ ပစ်ချခဲ့တာလို့ ရုရှား လွှတ်တော်မှ အကြီးတန်း လွှတ်တော်အမတ်နဲ့ အ ငြိမ်းစားဗိုလ်ချုပ်ကြီး အန်ဒရေကာတာပိုလော့ဗ်က လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ လေယာဉ်ကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ ပက်ထရီးယော့ သို့မ ဟုတ် Iris-Ts ဒုံးကျည်နဲ့ ပစ်ချခဲ့တာလို့ သူက ဆိုပါတယ်။ လေယာဉ်မပျက်ကျမီ ရုရှားနဲ့ယူကရိန်းဟာ သုံ့ပန်း (၁၉၂) ဦးကို လဲလှယ်ဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။
အကျဉ်းသားလဲလှယ်ဖို့ တာဝန်ရှိတဲ့ ယူကရိန်း နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခု လေယာဉ်ပစ်ချခံရမှုကို အ တည်မပြုပေမယ့် ရန်သူရဲ့ ဝါဒဖြန့်ချိရေးနဲ့ပတ်သက်လို့ သတိထားဖို့ တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – The Guardian
Ref; Russian plane carrying 65 Ukrainian PoWs has crashed, Moscow says